14.6.2018 မွ 20.6.2018 အထိ တစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

14.6.2018 မွ 20.6.2018 အထိ တစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

စီးပြားေရးနဲ႔ ပက္သက္ၿပီး အခ်ိန္အျပည့္ေပးေနရတတ္ပါတယ္။ အလုပ္စီးပြားေကာင္းေပမဲ့ ေငြေၾကးရင္းႏွီး ျမဳပ္ႏွံမႈေတြ မွာအမွားအယြင္းမရွိေအာင္ လုပ္တတ္ဖို႔လိုအပ္ပါတယ္။ ကုန္ပစၥည္းေတြအမ်ားႀကီးမေလွာင္မိေအာင္ သတိထားရပါလိမ့္မယ္။ ေႀကြးယူျခင္း ေၾကြးေတာင္းျခင္းေတြကို မလုပ္သင့္ေသးတဲ့အခ်ိန္ပါပဲ။ ၀န္ထမ္းမ်ား ေနရာ ေကာင္းရတတ္ပါတယ္။ က်န္းမာေရးကေတာ့ အထူးပဲေကာင္းတတ္ပါတယ္။ ဒါေပမဲ့ အေနအထိုင္ဆင္ျခင္ဖို႔လို ပါတယ္။ အေအးပတ္တာမ်ိဳးေတာ့ ႀကံဳရတတ္ပါတယ္။ ေႏြးေႏြးေထြးေနပါ။ အိမ္ေထာင္ေရးကေတာ့ အနည္းငယ္ စိတ္ညစ္ရတတ္ပါတယ္။ အေျပာအဆိုမတတ္တဲ့ အိမ္ေထာင္ဖက္ကို သည္းခံတတ္ဖို႔လိုပါတယ္။ အခ်စ္ေရး ကေတာ့ခ်စ္သူနဲ႔ ခိုင္မာတဲ့ အနာဂတ္အတြက္တိုင္ပင္ဖို႔ လိုအပ္တဲ့အခ်ိန္ပါပဲ။ ပညာေရးအတြက္အားထည့္ ႀကိဳးစား လိုက္ပါ။ ပညာေရးကံကလဲ အေကာင္းဆံုးကာလထဲေရာက္ေနေတာ့ ႀကိဳးစားသမွ်အရာထင္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 1/6/5
အထူးေဟာ စီးပြားေရးတိုးတတ္ပါလိမ့္မယ္။
ယၾတာ ရြက္လွပန္းေလးေတြ ဘုရားကပ္လွဴလိုက္ပါ။

တနလၤာ

ဒီကာလအတြင္း ပရဟိတကိစၥေတြ လူမႈေရးကိစၥေတြမ်ားေနတတ္ပါတယ္။ စိတ္ထဲမွာလဲ တာ၀န္ေတြကို ေမ့ၿပီး လြတ္လပ္ေပါ့ပါးစြာ ေနလိုစိတ္ျပင္းထန္ေနတတ္ပါတယ္။ စိတ္က်ဥ္းႀကပ္မႈေတြအတြက္ ထြက္ေပါက္ရွာမိ တတ္တ့ဲကာလပါပဲ။ လက္ဖြာေနမိတတ္တဲ့အတြက္ ဒီကာလေတြမွာ ေငြကုန္ေၾကးက်မ်ားရတတ္ပါတယ္။ တနလၤာ သားသမီးကေလးငယ္မ်ားက်န္းမာေရးအထူးဂရုစိုက္သင့္တဲ့ကာလပါပဲ။ လူႀကီးမ်ားကေတာ့ အထူးဂရုစိုက္ဖို႔မလိုပါ ဘူး။ အလုပ္ေျပာင္းခ်င္စိတ္ လက္ရွိေနရာကေန နယ္ပယ္သစ္ကိုသြားလိုစိတ္ေတြမ်ားေနပါလိမ့္မယ္။ ကိုယ္ပိုင္ အလုပ္မ်ား Marketing ေကာင္းေကာင္းလုပ္တတ္ဖို႔ လိုအပ္တဲ့အခ်ိန္ပါပဲ။ အခ်စ္ေရးကေတာ့ ခ်စ္သူနဲ႔ အတူ ရည္ရြယ္ထားတဲ့ကိစၥေလးေတြရွိရင္ ပ်က္သြားရတတ္ပါတယ္။ အိမ္တြင္းေရးမွာ ေသာၾကာသားသမီးရဲ့ ခေလာက္ဆန္မႈေတြ ရွိေနတတ္ပါတယ္။ ပညာေရးကေတာ့ အမိန္႔ေပးၿပီး စာက်က္ခိုင္းေလ မိမိကစိတ္ကုန္ေလျဖစ္ေနခ်ိန္ပါ။

အက်ိဳးေပးဂဏန္း 2/4/9
အထူးေဟာ သူမ်ားကိစၥေတြကူညီေပးေနရတတ္ပါတယ္။
ယၾတာ ေငြ၂၀၀ ပံ့သကူပစ္ပါ။

အဂၤါ

ဒီကာလဟာ မိမိဆီမွာရွိတဲ့ စက္ပစၥည္းေတြ အပ်က္အစီးမ်ားေနတတ္ပါတယ္။ မိမိျဖစ္ခ်င္တာေတြ ျဖစ္ခြင့္ ရႏိုင္ေပမဲ့ ပူပန္ေသာကလဲမ်ားလာတတ္တဲ့ကာလပါပဲ။ စက္ပစၥည္းအသစ္ေတြဝယ္မယ္ဆို သတိထား၀ယ္ပါ။ လွ်ပ္ စစ္အႏၱရာယ္ကို ဒိီကာလဂရုစိုက္ပါ။ ေရႊထြက္တတ္တဲ့ကာလပါပဲ။ အလုပ္စီးပြားမ်ား တိုးတတ္နိုင္ပါလိမ့္မယ္။ ဒါေပမဲ့ ကြက္ေက်ာ္ျမင္တတ္မွအဆင္ေျပမဲ့အခ်ိန္ပါပဲ။ အရြယ္ေရာက္ၿပီးတဲ့ သားသမီးေတြရွိပါက ထိုသားသမီးေတြ အတြက္ပူပန္ရတတ္ပါတယ္။ က်န္းမာေရးအတြက္ စိုးရိမ္းပူပန္စရာေတြမ်ားေနပါလိမ့္မယ္။ က်န္းမာေရးျခဴျခာမဲ့ ကာလပါပဲ။ အလုပ္ကိစၥမ်ားေအာက္လက္ငယ္သားေတြနဲ႔ လႊတ္မထားပါနဲ႔။ မိမိကိုယ္တိုင္ ဦးစီးပါ။ အိမ္ေထာင္ေရး ကံကေတာ့ေကာင္းေနမဲ့ အခ်ိန္ပါပဲ။ အခ်စ္ေရးကံလဲ ခ်စ္သူနဲ႔ အဆင္ေျပမဲ့ကာလထဲေရာက္ေနတာပါ။ ပညာေရး ကေတာ့ မိမိကိုယ္တိုင္က ပညာေရးထက္ အျခားေဖ်ာ္ေျဖေရးေတြကို ပိုမက္ေမာေနတဲ့အခ်ိန္ပါပဲ။

အက်ိဳးေပးဂဏန္း 3/8/7
အထူးေဟာ စိုးရိမ္စရာေတြမ်ားေနရမဲ့ကာလပါပဲ။
ယၾတာ မိမိအိမ္ကဘုရားမွာ အုန္းထမင္းဆြမ္းကပ္ပါ။

ဗုဒၶဟူး

လုပ္သင့္တဲ့ကိစၥေတြကို အခ်ိန္မဆြဲဘဲ လုပ္ေစခ်င္ပါတယ္။ အခြင့္အေရးေတြ မိမိဆီေရာက္လာပါလိမ့္မယ္။မိမိကိုယ္တိုင္ အမိအရဖမ္းဆုပ္ယူႏိုင္ဖို႔ လိုအပ္ပါတယ္။ အဘက္ဘက္က ကံျမင့္မားေနတဲ့အခ်ိန္ပါ။ မိမိကိုယ္တိုင္ပ်င္းရိမေနဘဲ ဝီရိယထားႀကိဳးစားျခင္းျဖင့္ ေအာင္ျမင္တဲ့အသီးအပြင္းေတြကို ခံစားရပါလိမ့္မယ္။ ေငြေၾကးကံျမင့္မားေနပါလိမ့္မယ္။ ေရႊဝင္တတ္ပါတယ္။ ေရႊဝယ္ဖို႔ စိတ္ကူးထားရင္ ဒီကာလဝယ္ပါ။ သားသမီးေတြ ဂုဏ္တတ္ရမဲ့ကာလပါပဲ။ က်န္းမာေရး အားနည္းမႈက အနည္းငယ္ေတာ့ က်န္ရွိေနပါတယ္။ အရင္က ေရာဂါေဝဒနာ ခံစားေနရသူမ်ား အမ်ားႀကီးသက္သာခြင့္ရပါလိမ့္မယ္။ အိမ္တြင္းေရး မိသားစုအေရးကိစၥေတြမွာ ၾကံစည္ထားသမွ်ပ်က္ရတတ္ပါတယ္။ အခ်စ္ေရးကံေကာင္းေနမွာပါ။ ခ်စ္သူသစ္ရည္းစားသစ္လဲ ရလြယ္တဲ့အခ်ိန္ပါ။ ပညာေရးက မူလဓာတ္ခံကေကာင္းေနပါတယ္။ မိမိသာ ဉာဏ္ဝီရိယေတြ စိုက္ထုတ္လိုက္ပါ။

အက်ိဳးေပးဂဏန္း 4/8/0
အထူးေဟာ ကံျမင့္ေနမည္
ယၾတာ ဘုရားရွင္အား လမုန္႔ ၄ခုကပ္လွဴလိုက္ပါ။

ၾကာသပေတး

ဒီကာလဟာ စိတ္ကူးၾကံစည္ထားတာေတြျဖစ္လြယ္ပါတယ္။ ဒီေန႔ ဘာေလး ျဖစ္ရင္ေကာင္းမွာပဲ လို႔ စိတ္ကူးလိုက္ရင္ေတာင္ အနည္းနဲ႔အမ်ားေတာ့ ျပည့္လာတတ္ပါတယ္။ ရည္ရြယ္ထားတာေတြ အေကာင္အထည္ေဖာ္ႏိုင္မွာပါ။ လုပ္ငန္းစီးပြားေတြမွာလဲ မိမိကိုလုပ္ငန္းအပ္ႏွံျခင္း ၊ ေဖာက္သည္တိုးျခင္းမ်ိဳးေတြလဲၾကံဳလာဖို႔ ရွိေနပါတယ္။ ေငြေၾကးလာဘ္လာဘေတြလဲ ရႊင္လန္းလာတတ္ပါတယ္။ က်န္းမာေရးကေတာ့ ဒီကာလမွာ အထူးေကာင္းပါတယ္။
က်န္းမာေရး ေဒါင္ေဒါင္ျမည္ေနမဲ့ ကာလပါပဲ။ မိတ္ေဆြေကာင္း သူငယ္ခ်င္းေကာင္းေတြရဲ႕ အကူ အညီအေထာက္အပံ့ေတြ အမ်ားႀကီးရတတ္ပါတယ္။ အခ်စ္ေရးစန္းပြင့္ေနပါလိမ့္မယ္။ ခ်စ္ေရးအဆိုခံရျခင္း ဒါမွမဟုတ္ခ်စ္သူရဲ႕ အေျဖေပးျခင္းမ်ိဳးလဲၾကံဳရတတ္ပါတယ္။ ပညာေရးကေတာ့ အထူးပဲေကာင္းမွာပါ။ သင္တန္းကိစၥ စာေမးပြဲကိစၥေတြလဲ အထူးေကာင္းေနခ်ိန္ ပါပဲ။

အက်ိဳးေပးဂဏန္း 5/6/1
အထူးေဟာ ေပ်ာ္စရာအခ်ိန္ပါပဲ
ယၾတာ ပရိတ္ႀကီး ၁၁ သုတ္ရြတ္ေပးျခင္းျဖင့္ ကံပိုျမင့္မားလာပါလိမ့္္မယ္။

ေသာၾကာ

ဒီကာလဟာ မိမိအေနနဲ႔ သတိအၿမဲကပ္ရမဲ့ အခ်ိန္ပါပဲ။ စိတ္ကူးထားတာေလးေတြ အေကာင္အထည္ေဖာ္ဖို႔ ၾကန္႔ၾကာေနပါလိမ့္မယ္။ လုပ္ခ်င္တာေလးေတြ လုပ္ခြင့္မရႏိုင္ေသးပါဘူး။ ဇြတ္တရြတ္လုပ္ျခင္း ၊မဆင္မျခင္ ျပဳမူျခင္းေတြ ဒီကာလမွာေရွာင္သင့္ပါတယ္။ စိတ္အလိုမက်စရာမ်ား ေတြ႕ရင္လဲ သည္းခံၿပီးေတာ့ ေနထိုင္သင့္ပါတယ္။ မိသားစုအတြင္းအပူေတြ႕တတ္ပါတယ္။ အတူေနေမာင္ႏွမေတြ စိတ္ဝမ္းကြဲတတ္ပါတယ္။ လက္မွတ္ထိုးရမဲ့ ကိစၥမ်ား အာမခံရမဲ့ ကိစၥမ်ားရွိရင္ေတာ့ ဒီကာလအတြင္းေသခ်ာစံုစမ္းၿပီး မွ လုပ္ေစခ်င္ပါတယ္။ ရစရာရွိတဲ့ ေငြေၾကးေတြရဖို႔ ၾကန္႔ၾကာေနပါလိမ့္မယ္။ က်န္းမာေရးကေတာ့ အညံအဆိုး သိပ္မေတြ႕ရပါဘူး။ က်န္းမာေရးေကာင္းတယ္လို႔ ေယဘုယ်သံုးသပ္လို႔ရပါတယ္။ အခ်စ္ေရးမွာေတာ့ ကိုယ္ခ်စ္တဲ့သူက ကိုယ္ခ်စ္ေနတာကို မသိက်ိဳးကၽြန္ျပဳတာမ်ိဳးခံရတတ္ပါတယ္။ ပညာေရးကံၾကမၼာက ကံကိုအားမျပဳဘဲ ဉာဏ္ဝီရိယကိုသာ အားျပဳသင့္ပါတယ္။

အက်ိဳးေပးဂဏန္း ၂/၁/၄
အထူးေဟာ ကံညံ့ေနခ်ိန္ပါပဲ။
ယၾတာ ခရီးသြားမဲ့ရဟန္းသံဃာေတြ႕ရင္ နဝကမၼေငြ လွဴ ဒါန္းေပးလိုက္ပါ။

စေန

အျဖစ္အပ်က္ အေျပာင္းအလဲေတြက ျမန္ဆန္လြန္းလွသည္။ ထင္သလိုမျဖစ္လာဘဲ မထင္မွတ္တာေတြျဖစ္လာရတတ္သည္။ ထူးထူးျခားျခားကံညံ့ သြားႏိုင္သလို ထူးထူးျခားျခားလဲကံေကာင္းသြားႏိုင္ပါတယ္။မိမိရဲ႕ေစတနာ အက်ိဳးေပးမဲ့ကာလပါပဲ။ေငြကံကေတြ ၀င္လိုက္ထြက္နဲ႔ သံသရာလည္ေနမွာပါ။ ေခါက္ရိုးက်ိဳးေနတဲ့ နည္းလမ္းေဟာင္းမ်ား၊အေတြးအေခၚေဟာင္းမ်ားကိုစြန္႔ခြာျပီး လမ္းေၾကာင္းသစ္ထြင္ၾကိဳးစားၾကည့္ပါ။ အံ့မခန္းေအာင္ျမင္မႈေတြရလာပါလိမ့္မယ္။ က်န္းမာေရးကေတာ့ အေကာင္းအဆုိးဒြန္တြဲေနပါတယ္။ အေနအထိုင္အစားအေသာက္ဆင္ျခင္တဲ့သူ ကပိုျပီး အဆင္ေျပမွာပါ။အိမ္တြင္းေရး အိမ္ေထာင္ေရးကေတာ့ အဆင္ေျပေနပါလိမ့္မယ္။ အခ်စ္ေရးမွာေတာ့ စီးပြားေရးေၾကာင့္အလုပ္မ်ားေနတဲ့ခ်စ္သူကို မိမိကနားလည္ခြင့္လႊတ္ေပးဖို႔လိုပါတယ္။ ပညာေရးကေတာ့ မိမိအေနနဲ႔ အားထည့္ၾကိဳးစားမွ အဆင္ေျပမွာပါ။ ဆရာေတြသင္ျပတာကတစ္မ်ိဳး မိမိနားလည္တာကတစ္မ်ိဳးျဖစ္ေနရမဲ့ကာလပါပဲ။

အက်ိဳးေပးဂဏန္း ၆/၇/၀
အထူးေဟာ ကံသင့္တဲ့ အခ်ိန္ပါပဲ။
ယၾတာ အခ်ိန္ေလးဖဲ့ေပးၿပီးေတာ့ တရားရႈမွတ္ပါ

၇ရက္သားသမီးအေပါင္း
ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝၾကပါေစ။

ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)
Viber Only( 09775555695)

Unicode

14.6.2018 မှ 20.6.2018 အထိ တစ်ပတ်စာ ရရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

စီးပွားရေးနဲ့ ပက်သက်ပြီး အချိန်အပြည့်ပေးနေရတတ်ပါတယ်။ အလုပ်စီးပွားကောင်းပေမဲ့ ငွေကြေးရင်းနှီး မြုပ်နှံမှုတွေ မှာအမှားအယွင်းမရှိအောင် လုပ်တတ်ဖို့လိုအပ်ပါတယ်။ ကုန်ပစ္စည်းတွေအများကြီးမလှောင်မိအောင် သတိထားရပါလိမ့်မယ်။ ကြွေးယူခြင်း ကြွေးတောင်းခြင်းတွေကို မလုပ်သင့်သေးတဲ့အချိန်ပါပဲ။ ၀န်ထမ်းများ နေရာ ကောင်းရတတ်ပါတယ်။ ကျန်းမာရေးကတော့ အထူးပဲကောင်းတတ်ပါတယ်။ ဒါပေမဲ့ အနေအထိုင်ဆင်ခြင်ဖို့လို ပါတယ်။ အအေးပတ်တာမျိုးတော့ ကြုံရတတ်ပါတယ်။ နွေးနွေးထွေးနေပါ။ အိမ်ထောင်ရေးကတော့ အနည်းငယ် စိတ်ညစ်ရတတ်ပါတယ်။ အပြောအဆိုမတတ်တဲ့ အိမ်ထောင်ဖက်ကို သည်းခံတတ်ဖို့လိုပါတယ်။ အချစ်ရေး ကတော့ချစ်သူနဲ့ ခိုင်မာတဲ့ အနာဂတ်အတွက်တိုင်ပင်ဖို့ လိုအပ်တဲ့အချိန်ပါပဲ။ ပညာရေးအတွက်အားထည့် ကြိုးစား လိုက်ပါ။ ပညာရေးကံကလဲ အကောင်းဆုံးကာလထဲရောက်နေတော့ ကြိုးစားသမျှအရာထင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/6/5
အထူးဟော စီးပွားရေးတိုးတတ်ပါလိမ့်မယ်။
ယတြာ ရွက်လှပန်းလေးတွေ ဘုရားကပ်လှူလိုက်ပါ။

တနင်္လာ

ဒီကာလအတွင်း ပရဟိတကိစ္စတွေ လူမှုရေးကိစ္စတွေများနေတတ်ပါတယ်။ စိတ်ထဲမှာလဲ တာဝန်တွေကို မေ့ပြီး လွတ်လပ်ပေါ့ပါးစွာ နေလိုစိတ်ပြင်းထန်နေတတ်ပါတယ်။ စိတ်ကျဉ်းကြပ်မှုတွေအတွက် ထွက်ပေါက်ရှာမိ တတ်တဲ့ကာလပါပဲ။ လက်ဖွာနေမိတတ်တဲ့အတွက် ဒီကာလတွေမှာ ငွေကုန်ကြေးကျများရတတ်ပါတယ်။ တနင်္လာ သားသမီးကလေးငယ်များကျန်းမာရေးအထူးဂရုစိုက်သင့်တဲ့ကာလပါပဲ။ လူကြီးများကတော့ အထူးဂရုစိုက်ဖို့မလိုပါ ဘူး။ အလုပ်ပြောင်းချင်စိတ် လက်ရှိနေရာကနေ နယ်ပယ်သစ်ကိုသွားလိုစိတ်တွေများနေပါလိမ့်မယ်။ ကိုယ်ပိုင် အလုပ်များ Marketing ကောင်းကောင်းလုပ်တတ်ဖို့ လိုအပ်တဲ့အချိန်ပါပဲ။ အချစ်ရေးကတော့ ချစ်သူနဲ့ အတူ ရည်ရွယ်ထားတဲ့ကိစ္စလေးတွေရှိရင် ပျက်သွားရတတ်ပါတယ်။ အိမ်တွင်းရေးမှာ သောကြာသားသမီးရဲ့ ခလောက်ဆန်မှုတွေ ရှိနေတတ်ပါတယ်။ ပညာရေးကတော့ အမိန့်ပေးပြီး စာကျက်ခိုင်းလေ မိမိကစိတ်ကုန်လေဖြစ်နေချိန်ပါ။

အကျိုးပေးဂဏန်း 2/4/9
အထူးဟော သူများကိစ္စတွေကူညီပေးနေရတတ်ပါတယ်။
ယတြာ ငွေ၂၀၀ ပံ့သကူပစ်ပါ။

အင်္ဂါ

ဒီကာလဟာ မိမိဆီမှာရှိတဲ့ စက်ပစ္စည်းတွေ အပျက်အစီးများနေတတ်ပါတယ်။ မိမိဖြစ်ချင်တာတွေ ဖြစ်ခွင့် ရနိုင်ပေမဲ့ ပူပန်သောကလဲများလာတတ်တဲ့ကာလပါပဲ။ စက်ပစ္စည်းအသစ်တွေဝယ်မယ်ဆို သတိထားဝယ်ပါ။ လျှပ် စစ်အန္တရာယ်ကို ဒိီကာလဂရုစိုက်ပါ။ ရွှေထွက်တတ်တဲ့ကာလပါပဲ။ အလုပ်စီးပွားများ တိုးတတ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကွက်ကျော်မြင်တတ်မှအဆင်ပြေမဲ့အချိန်ပါပဲ။ အရွယ်ရောက်ပြီးတဲ့ သားသမီးတွေရှိပါက ထိုသားသမီးတွေ အတွက်ပူပန်ရတတ်ပါတယ်။ ကျန်းမာရေးအတွက် စိုးရိမ်းပူပန်စရာတွေများနေပါလိမ့်မယ်။ ကျန်းမာရေးခြူခြာမဲ့ ကာလပါပဲ။ အလုပ်ကိစ္စများအောက်လက်ငယ်သားတွေနဲ့ လွှတ်မထားပါနဲ့။ မိမိကိုယ်တိုင် ဦးစီးပါ။ အိမ်ထောင်ရေး ကံကတော့ကောင်းနေမဲ့ အချိန်ပါပဲ။ အချစ်ရေးကံလဲ ချစ်သူနဲ့ အဆင်ပြေမဲ့ကာလထဲရောက်နေတာပါ။ ပညာရေး ကတော့ မိမိကိုယ်တိုင်က ပညာရေးထက် အခြားဖျော်ဖြေရေးတွေကို ပိုမက်မောနေတဲ့အချိန်ပါပဲ။

အကျိုးပေးဂဏန်း 3/8/7
အထူးဟော စိုးရိမ်စရာတွေများနေရမဲ့ကာလပါပဲ။
ယတြာ မိမိအိမ်ကဘုရားမှာ အုန်းထမင်းဆွမ်းကပ်ပါ။

ဗုဒ္ဓဟူး

လုပ်သင့်တဲ့ကိစ္စတွေကို အချိန်မဆွဲဘဲ လုပ်စေချင်ပါတယ်။ အခွင့်အရေးတွေ မိမိဆီရောက်လာပါလိမ့်မယ်။မိမိကိုယ်တိုင် အမိအရဖမ်းဆုပ်ယူနိုင်ဖို့ လိုအပ်ပါတယ်။ အဘက်ဘက်က ကံမြင့်မားနေတဲ့အချိန်ပါ။ မိမိကိုယ်တိုင်ပျင်းရိမနေဘဲ ဝီရိယထားကြိုးစားခြင်းဖြင့် အောင်မြင်တဲ့အသီးအပွင်းတွေကို ခံစားရပါလိမ့်မယ်။ ငွေကြေးကံမြင့်မားနေပါလိမ့်မယ်။ ရွှေဝင်တတ်ပါတယ်။ ရွှေဝယ်ဖို့ စိတ်ကူးထားရင် ဒီကာလဝယ်ပါ။ သားသမီးတွေ ဂုဏ်တတ်ရမဲ့ကာလပါပဲ။ ကျန်းမာရေး အားနည်းမှုက အနည်းငယ်တော့ ကျန်ရှိနေပါတယ်။ အရင်က ရောဂါဝေဒနာ ခံစားနေရသူများ အများကြီးသက်သာခွင့်ရပါလိမ့်မယ်။ အိမ်တွင်းရေး မိသားစုအရေးကိစ္စတွေမှာ ကြံစည်ထားသမျှပျက်ရတတ်ပါတယ်။ အချစ်ရေးကံကောင်းနေမှာပါ။ ချစ်သူသစ်ရည်းစားသစ်လဲ ရလွယ်တဲ့အချိန်ပါ။ ပညာရေးက မူလဓာတ်ခံကကောင်းနေပါတယ်။ မိမိသာ ဉာဏ်ဝီရိယတွေ စိုက်ထုတ်လိုက်ပါ။

အကျိုးပေးဂဏန်း 4/8/0
အထူးဟော ကံမြင့်နေမည်
ယတြာ ဘုရားရှင်အား လမုန့် ၄ခုကပ်လှူလိုက်ပါ။

ကြာသပတေး

ဒီကာလဟာ စိတ်ကူးကြံစည်ထားတာတွေဖြစ်လွယ်ပါတယ်။ ဒီနေ့ ဘာလေး ဖြစ်ရင်ကောင်းမှာပဲ လို့ စိတ်ကူးလိုက်ရင်တောင် အနည်းနဲ့အများတော့ ပြည့်လာတတ်ပါတယ်။ ရည်ရွယ်ထားတာတွေ အကောင်အထည်ဖော်နိုင်မှာပါ။ လုပ်ငန်းစီးပွားတွေမှာလဲ မိမိကိုလုပ်ငန်းအပ်နှံခြင်း ၊ ဖောက်သည်တိုးခြင်းမျိုးတွေလဲကြုံလာဖို့ ရှိနေပါတယ်။ ငွေကြေးလာဘ်လာဘတွေလဲ ရွှင်လန်းလာတတ်ပါတယ်။ ကျန်းမာရေးကတော့ ဒီကာလမှာ အထူးကောင်းပါတယ်။
ကျန်းမာရေး ဒေါင်ဒေါင်မြည်နေမဲ့ ကာလပါပဲ။ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေရဲ့ အကူ အညီအထောက်အပံ့တွေ အများကြီးရတတ်ပါတယ်။ အချစ်ရေးစန်းပွင့်နေပါလိမ့်မယ်။ ချစ်ရေးအဆိုခံရခြင်း ဒါမှမဟုတ်ချစ်သူရဲ့ အဖြေပေးခြင်းမျိုးလဲကြုံရတတ်ပါတယ်။ ပညာရေးကတော့ အထူးပဲကောင်းမှာပါ။ သင်တန်းကိစ္စ စာမေးပွဲကိစ္စတွေလဲ အထူးကောင်းနေချိန် ပါပဲ။

အကျိုးပေးဂဏန်း 5/6/1
အထူးဟော ပျော်စရာအချိန်ပါပဲ
ယတြာ ပရိတ်ကြီး ၁၁ သုတ်ရွတ်ပေးခြင်းဖြင့် ကံပိုမြင့်မားလာပါလိမ့််မယ်။

သောကြာ

ဒီကာလဟာ မိမိအနေနဲ့ သတိအမြဲကပ်ရမဲ့ အချိန်ပါပဲ။ စိတ်ကူးထားတာလေးတွေ အကောင်အထည်ဖော်ဖို့ ကြန့်ကြာနေပါလိမ့်မယ်။ လုပ်ချင်တာလေးတွေ လုပ်ခွင့်မရနိုင်သေးပါဘူး။ ဇွတ်တရွတ်လုပ်ခြင်း ၊မဆင်မခြင် ပြုမူခြင်းတွေ ဒီကာလမှာရှောင်သင့်ပါတယ်။ စိတ်အလိုမကျစရာများ တွေ့ရင်လဲ သည်းခံပြီးတော့ နေထိုင်သင့်ပါတယ်။ မိသားစုအတွင်းအပူတွေ့တတ်ပါတယ်။ အတူနေမောင်နှမတွေ စိတ်ဝမ်းကွဲတတ်ပါတယ်။ လက်မှတ်ထိုးရမဲ့ ကိစ္စများ အာမခံရမဲ့ ကိစ္စများရှိရင်တော့ ဒီကာလအတွင်းသေချာစုံစမ်းပြီး မှ လုပ်စေချင်ပါတယ်။ ရစရာရှိတဲ့ ငွေကြေးတွေရဖို့ ကြန့်ကြာနေပါလိမ့်မယ်။ ကျန်းမာရေးကတော့ အညံအဆိုး သိပ်မတွေ့ရပါဘူး။ ကျန်းမာရေးကောင်းတယ်လို့ ယေဘုယျသုံးသပ်လို့ရပါတယ်။ အချစ်ရေးမှာတော့ ကိုယ်ချစ်တဲ့သူက ကိုယ်ချစ်နေတာကို မသိကျိုးကျွန်ပြုတာမျိုးခံရတတ်ပါတယ်။ ပညာရေးကံကြမ္မာက ကံကိုအားမပြုဘဲ ဉာဏ်ဝီရိယကိုသာ အားပြုသင့်ပါတယ်။

အကျိုးပေးဂဏန်း ၂/၁/၄
အထူးဟော ကံညံ့နေချိန်ပါပဲ။
ယတြာ ခရီးသွားမဲ့ရဟန်းသံဃာတွေ့ရင် နဝကမ္မငွေ လှူ ဒါန်းပေးလိုက်ပါ။

စနေ

အဖြစ်အပျက် အပြောင်းအလဲတွေက မြန်ဆန်လွန်းလှသည်။ ထင်သလိုမဖြစ်လာဘဲ မထင်မှတ်တာတွေဖြစ်လာရတတ်သည်။ ထူးထူးခြားခြားကံညံ့ သွားနိုင်သလို ထူးထူးခြားခြားလဲကံကောင်းသွားနိုင်ပါတယ်။မိမိရဲ့စေတနာ အကျိုးပေးမဲ့ကာလပါပဲ။ငွေကံကတွေ ၀င်လိုက်ထွက်နဲ့ သံသရာလည်နေမှာပါ။ ခေါက်ရိုးကျိုးနေတဲ့ နည်းလမ်းဟောင်းများ၊အတွေးအခေါ်ဟောင်းများကိုစွန့်ခွာပြီး လမ်းကြောင်းသစ်ထွင်ကြိုးစားကြည့်ပါ။ အံ့မခန်းအောင်မြင်မှုတွေရလာပါလိမ့်မယ်။ ကျန်းမာရေးကတော့ အကောင်းအဆိုးဒွန်တွဲနေပါတယ်။ အနေအထိုင်အစားအသောက်ဆင်ခြင်တဲ့သူ ကပိုပြီး အဆင်ပြေမှာပါ။အိမ်တွင်းရေး အိမ်ထောင်ရေးကတော့ အဆင်ပြေနေပါလိမ့်မယ်။ အချစ်ရေးမှာတော့ စီးပွားရေးကြောင့်အလုပ်များနေတဲ့ချစ်သူကို မိမိကနားလည်ခွင့်လွှတ်ပေးဖို့လိုပါတယ်။ ပညာရေးကတော့ မိမိအနေနဲ့ အားထည့်ကြိုးစားမှ အဆင်ပြေမှာပါ။ ဆရာတွေသင်ပြတာကတစ်မျိုး မိမိနားလည်တာကတစ်မျိုးဖြစ်နေရမဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း ၆/၇/၀
အထူးဟော ကံသင့်တဲ့ အချိန်ပါပဲ။
ယတြာ အချိန်လေးဖဲ့ပေးပြီးတော့ တရားရှုမှတ်ပါ

ရရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)