ေသခ်ာဖတ္ၾကည့္ပါ…သုိက္ကလာတဲ့ ကေလးမ်ားမဟုတ္ၾကပါ။

ေသခ်ာဖတ္ၾကည့္ပါ…သုိက္ကလာတဲ့ ကေလးမ်ားမဟုတ္ၾကပါ။


“ေဒါင္းေရာဂါလကၡဏာစု (Down Syndrome) အေၾကာင္း

ေဒါက္တာစိုးလြင္ (သားဖြားမီးယပ္ အထူးကုဆရာ၀န္ႀကီးႏွင့္ ေတြ႕ဆံုဆြးေႏြးျခင္း)

ေမး ။ Down Syndrome အေၾကာင္း သိပါရေစ ဆရာ။
ေျဖ ။ Down Syndrome ဆိုတာ ခ႐ိုမိုဇုမ္းတစ္ခု အပိုပါေနတဲ့ မ်ဳိးဗီဇဆိုင္ရာ ဥာဏ္ရည္မမီတဲ့ ေမြးရာပါ ေရာဂါပါ။ ဒီကေလးေတြမွာ ထူးျခားတာက တစ္ကမၻာလံုးက Down Syndrome ကေလးတိုင္းဟာ မ်က္ႏွာေလးေတြက တူညီေနၾကပါတယ္။ ဒါကို မြန္ဂိုလို႔လည္း ဟိုးအရင္က ေခၚခဲ့ၾကပါတယ္။ အဓိက ျဖစ္တာက မ်ဳိး႐ိုးဗီဇ အမွတ္ ၂၁ ခ႐ိုမိုဇုမ္းမွာ အပိုေလးတစ္ခု ပါေနတာပါ။ ဒီေတာ့ မ်ဳိး႐ိုးဗီဇနဲ႔ဆိုင္တဲ့ ေမြးရာပါေရာဂါလို႔ပဲ ေျပာလို႔ရပါတယ္။

ေမး ။ Down Syndrome ကေလးေတြက ဘယ္လို အသြင္လကၡဏာ ရွိတတ္ပါသလဲ ဆရာ။
ေျဖ ။ ဒီကေလးေတြရဲ႕ မ်က္ႏွာေလးေတြက မ်က္ႏွာ ေဖာင္းေဖာင္းျပားျပားေလးေတြရွိတယ္၊ ေပ်ာ္ေပ်ာ္ ေနတတ္တယ္။ ဥာဏ္ရည္(IQ)က်ေတာ့ နိမ့္ေနတတ္ပါတယ္။ အဲဒီလို နိမ့္ေနတဲ့အတြက္ အသက္ရွည္ေပမယ့္ ကေလးေလးလိုပဲ ျဖစ္ေနတတ္ပါတယ္။ စာသင္ရတာ ခက္ေနတတ္ပါတယ္။ အဆင့္ျမင့္တဲ့ ေက်ာင္းေတြ၊ တကၠသိုလ္ေတြ တက္လို႔မရပါဘူး။

ေမး ။ ဘယ္လိုအေၾကာင္းေတြေၾကာင့္ Down Syndrome ကေလးေလးေတြ ေမြးတတ္ပါသလဲဆရာ။
ေျဖ ။ မ်ဳိး႐ိုးဗီဇနဲ႔ဆိုင္တဲ့ ေရာဂါဆိုေတာ့ ကံမေကာင္းတဲ့သူ ျဖစ္တယ္လို႔ပဲ ဆိုရမွာပါပဲ။ ဒါေပမဲ့ အၾကမ္းအားျဖင့္ ေျပာရရင္ အသက္ႀကီးတဲ့မိခင္က ေမြးတဲ့ ကေလးေတြက Down Syndrome ကေလး ေမြးႏိုင္ေျခပိုမ်ားပါတယ္။ ဒါေၾကာင့္ အမ်ဳိးသမီးေတြကို ငယ္ရြယ္ခ်ိန္မွာ ကေလးယူဖို႔ ေျပာေလ့ရွိၾကတာပါ။ အသက္ႀကီးတဲ့ မိခင္ေတြကေမြးတဲ့ ကေလးေတြက ငယ္တဲ့မိခင္ေတြကေမြးတဲ့ ကေလးေတြထက္ Down Syndrome ျဖစ္ႏိုင္ေျခပိုမ်ား . . မ်ားသြားလို႔ပါ။ ဒါေပမဲ့ အသက္ႀကီးတဲ့ မိခင္ကေမြးတိုင္း Down Syndrome ကေလးျဖစ္မယ္လို႔ေျပာတာ မဟုတ္ပါဘူး၊ ျဖစ္ႏိုင္ေျခ ပိုမ်ားသြားတယ္လို႔ပဲ ဆိုလိုတာပါ။

ေမး ။ Down Syndrome ကေလးေတြ ေမြးလာၿပီဆိုရင္ ဘယ္လိုျပဳစုပ်ဳိးေထာင္ေပးသင့္ပါသလဲ ဆရာ။
ေျဖ ။ Down Syndrome ကေလးေတြ ဥာဏ္ရည္နိမ့္တာကို ေဆးကုသလို႔ မရပါဘူး။ မိဘေတြ၊ ေမာင္ႏွမေတြ၊ ေဆြမ်ဳိးသားခ်င္းေတြက Down Syndrome ကေလးေလးကို နားလည္ၿပီး ေကာင္းေကာင္း ပံ့ပိုးကူညီေပးဖို႔ လိုပါတယ္။ အခုဆိုရင္ Down Syndrome ကေလးေတြနဲ႔ ပတ္သက္တဲ့ ေက်ာင္းေလးေတြ၊ သင္တန္းေတြ ရွိေနပါၿပီ။ ဒီလို သီးသန္႔ေက်ာင္းေလးေတြကိုပို႔ၿပီး သူတို႔ကို လူ၀င္ဆန္႔ေအာင္၊ စြမ္းေဆာင္ရည္ ျမင့္တက္လာေအာင္ လုပ္ေပးရပါမယ္။
ေနာက္တစ္ခ်က္က Down Syndrome ကေလးေလးေတြဟာ ေမြးရာပါ ႏွလံုးေရာဂါ ျဖစ္ႏိုင္ေျခက ပိုမ်ားပါတယ္။ တခ်ဳိ႕ဆိုရင္ မ်က္စိ၊ နားေတြမွာ ခ်ဳိ႕ယြင္းခ်က္ပါတာေတြ ရွိတတ္တယ္။ အဲဒါကို ေမြးလာကတည္းက ေသခ်ာစစ္ေဆးၿပီး သင့္ေတာ္တဲ့ ေဆးကုသမႈေတြ ေဆာင္ရြက္ေပးရပါမယ္။

ေမး ။ Down Syndrome ကေလးေလးေတြ ေမြးလာမွာ စိုးရိမ္ေနၾကတဲ့ အမ်ဳိးသမီးေတြအေနနဲ႔ ဘယ္လိုအခ်က္ေတြကို လိုက္နာသင့္ပါသလဲ ဆရာ။
ေျဖ ။ မိခင္ေတြအေနနဲ႔ Down Syndrome ကေလးေလး ေမြးမလာေအာင္ ဆိုၿပီး ကာကြယ္လို႔ေတာ့ မရပါဘူး။ ဒါေပမဲ့ လုပ္လို႔ရတာတစ္ခုက ကိုယ္၀န္ေဆာင္ကာလမွာ သေႏၶသားကို Down Syndrome ဟုတ္၊ မဟုတ္ တျခားႏိုင္ငံေတြမွာ စစ္ေဆးလို႔ရပါတယ္။ တျခားႏိုင္ငံေတြမွာ စစ္ေဆးနည္း ႏွစ္မ်ဳိးရွိတယ္၊ တစ္ခုက ကိုယ္၀န္၁၅ပတ္ ၀န္းက်င္ေလာက္မွာ ေသြးေဖာက္စစ္ၿပီး ေသြးထဲမွာပါတဲ့ ေဟာ္မုန္းသံုးမ်ဳိးကို စစ္ေဆးတာပါ။ အဲဒါကို Triple Test လို႔ေတာင္ ေခၚၾကပါတယ္။ အဲဒီက ထြက္လာတဲ့အေျဖမွာ ဒီကေလးက Down Syndrome ျဖစ္ႏိုင္ေျခ ဘယ္ေလာက္ရွိတယ္ဆိုတဲ့ အခ်က္ကို ျပတတ္ပါတယ္။ အဲဒီမွာ ျဖစ္ႏိုင္ေျခအမ်ားဆံုး (High Risk) ျဖစ္ေနၿပီဆိုရင္ ေနာက္တစ္ဆင့္က မ်ဳိးဗီဇကို စစ္ရပါတယ္။ ကိုယ္၀န္ အပတ္၂၀ မတိုင္ခင္မွာ မိခင္ဗိုက္ထဲက ကေလးေဘးမွာရွိတဲ့ ေရျမႊာရည္ အနည္းငယ္ကိုယူၿပီး ခ႐ိုမိုဇုမ္းနံပါတ္ကို စစ္လို႔ရပါတယ္။ အဲဒါကေတာ့ အတိအက်သိတဲ့ စစ္ေဆးနည္းပဲ ျဖစ္ပါတယ္။
အေျဖက Down Syndrome ကေလးလို႔ သိလာၿပီဆိုပါစို႔၊ ႏိုင္ငံျခားက တခ်ဳိ႕မိခင္ေတြက အဲဒီကေလးကို မလိုခ်င္ဘဲ ဖ်က္ခ်ပစ္တတ္ၾကတယ္။ Abortion Law (ကိုယ္၀န္ဖ်က္ခ်ခြင့္ ဥပေဒ) ရွိတဲ့ ႏိုင္ငံေတြမွာ ကိုယ္၀န္ အပတ္ ၂၄ပတ္မတိုင္ခင္ ဖ်က္ခ်ခြင့္ရွိေတာ့ မိဘေတြရဲ႕သေဘာတူညီခ်က္အတိုင္း ေဆး႐ံုကေန ဖ်က္ခ်ေပးေလ့ရွိပါတယ္။
ဆရာတို႔ ျမန္မာႏိုင္ငံက မိခင္ေတြကေတာ့ ကိုယ့္ရင္ေသြးကို ဘယ္လိုျဖစ္ျဖစ္ ေမြးၿပီး ဆက္လက္ျပဳစု ပ်ဳိးေထာင္ၾကပါတယ္။

ေမး ။ Down Syndrome ကေလးေတြကို ပံုမွန္အတိုင္း ေကာင္းေကာင္းျပဳစု ေစာင့္ေရွာက္ေပးမယ္ဆိုရင္ အသက္ရွည္ရွည္ ေနႏိုင္ပါသလား ဆရာ။
ေျဖ ။ Down Syndrome ကေလးေတြမွာ တျခားေမြးရာပါ ႏွလံုးေရာဂါေတြ ဘာေတြရွိသလား ဆိုတဲ့အခ်က္ေပၚမွာ မူတည္ပါတယ္။ တျခားေရာဂါေတြ ပါႏိုင္ေျခက မ်ားပါတယ္။ ဘာေရာဂါမွ မရွိဘူးဆိုရင္ေတာ့ အသက္ရွည္ရွည္ ေနရပါတယ္။
ဒီကေလးေလးေတြက ဥာဏ္ရည္နိမ့္ေတာ့ သူတို႔ဘာသာသူတို႔ ရွာေဖြစားေသာက္ၿပီး ကိုယ့္ဘာသာ ရပ္တည္ေနထိုင္ႏိုင္တာ သိပ္မရွိပါဘူး။ ႏိုင္ငံျခားမွာေတာ့ ဒီလို Down Syndrome ကေလးေတြကို မက္ေဒၚနယ္ဆိုင္မ်ဳိးေတြမွာ မုန္႔ေလးေတြခ်ေပးတဲ့ အလုပ္ေတြ လုပ္ခိုင္းတာရွိပါတယ္။

ေမး ။ တခ်ဳိ႕လူေတြက Down Syndrome ကေလးက သားဦးကေလးမွာပဲ ေမြးတယ္၊ သားေႏွာင္းမွာ မေမြးဘူး၊ မိခင္ အစားမွားလို႔ျဖစ္တယ္ စသျဖင့္ ေျပာေလ့ရွိပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ေျပာျပေပးပါဦး ဆရာ။
ေျဖ ။ အစားမွားလို႔ ျဖစ္တာမဟုတ္ပါဘူး၊ တခ်ဳိ႕ဆိုရင္ ကိုယ္၀န္ေဆာင္ခ်ိန္မွာ ေဆးမွားေသာက္လို႔ ျဖစ္တယ္လို႔ေတာင္ ထင္ၾကပါတယ္။ ဒါလည္း မဟုတ္ပါဘူး။ သားဦး၊ သားေႏွာင္းနဲ႔လည္း မဆိုင္ပါဘူး။ သူ႔ဘာသာ ျဖစ္ခ်င္လို႔ျဖစ္တာပါ။ ေျပာရရင္ ကံမေကာင္းလို႔ပဲ ဆိုရမွာပါ။

Credit:ေဒါက္တာစိုးလြင္ (သားဖြားမီးယပ္ အထူးကုဆရာ၀န္ႀကီး)

Unicode

သေချာဖတ်ကြည့်ပါ…သိုက်ကလာတဲ့ ကလေးများမဟုတ်ကြပါ။


“ဒေါင်းရောဂါလက္ခဏာစု (Down Syndrome) အကြောင်း

ဒေါက်တာစိုးလွင် (သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွးနွေးခြင်း)

မေး ။ Down Syndrome အကြောင်း သိပါရစေ ဆရာ။
ဖြေ ။ Down Syndrome ဆိုတာ ခရိုမိုဇုမ်းတစ်ခု အပိုပါနေတဲ့ မျိုးဗီဇဆိုင်ရာ ဉာဏ်ရည်မမီတဲ့ မွေးရာပါ ရောဂါပါ။ ဒီကလေးတွေမှာ ထူးခြားတာက တစ်ကမ္ဘာလုံးက Down Syndrome ကလေးတိုင်းဟာ မျက်နှာလေးတွေက တူညီနေကြပါတယ်။ ဒါကို မွန်ဂိုလို့လည်း ဟိုးအရင်က ခေါ်ခဲ့ကြပါတယ်။ အဓိက ဖြစ်တာက မျိုးရိုးဗီဇ အမှတ် ၂၁ ခရိုမိုဇုမ်းမှာ အပိုလေးတစ်ခု ပါနေတာပါ။ ဒီတော့ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ မွေးရာပါရောဂါလို့ပဲ ပြောလို့ရပါတယ်။

မေး ။ Down Syndrome ကလေးတွေက ဘယ်လို အသွင်လက္ခဏာ ရှိတတ်ပါသလဲ ဆရာ။
ဖြေ ။ ဒီကလေးတွေရဲ့ မျက်နှာလေးတွေက မျက်နှာ ဖောင်းဖောင်းပြားပြားလေးတွေရှိတယ်၊ ပျော်ပျော် နေတတ်တယ်။ ဉာဏ်ရည်(IQ)ကျတော့ နိမ့်နေတတ်ပါတယ်။ အဲဒီလို နိမ့်နေတဲ့အတွက် အသက်ရှည်ပေမယ့် ကလေးလေးလိုပဲ ဖြစ်နေတတ်ပါတယ်။ စာသင်ရတာ ခက်နေတတ်ပါတယ်။ အဆင့်မြင့်တဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေ တက်လို့မရပါဘူး။

မေး ။ ဘယ်လိုအကြောင်းတွေကြောင့် Down Syndrome ကလေးလေးတွေ မွေးတတ်ပါသလဲဆရာ။
ဖြေ ။ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ရောဂါဆိုတော့ ကံမကောင်းတဲ့သူ ဖြစ်တယ်လို့ပဲ ဆိုရမှာပါပဲ။ ဒါပေမဲ့ အကြမ်းအားဖြင့် ပြောရရင် အသက်ကြီးတဲ့မိခင်က မွေးတဲ့ ကလေးတွေက Down Syndrome ကလေး မွေးနိုင်ခြေပိုများပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို ငယ်ရွယ်ချိန်မှာ ကလေးယူဖို့ ပြောလေ့ရှိကြတာပါ။ အသက်ကြီးတဲ့ မိခင်တွေကမွေးတဲ့ ကလေးတွေက ငယ်တဲ့မိခင်တွေကမွေးတဲ့ ကလေးတွေထက် Down Syndrome ဖြစ်နိုင်ခြေပိုများ . . များသွားလို့ပါ။ ဒါပေမဲ့ အသက်ကြီးတဲ့ မိခင်ကမွေးတိုင်း Down Syndrome ကလေးဖြစ်မယ်လို့ပြောတာ မဟုတ်ပါဘူး၊ ဖြစ်နိုင်ခြေ ပိုများသွားတယ်လို့ပဲ ဆိုလိုတာပါ။

မေး ။ Down Syndrome ကလေးတွေ မွေးလာပြီဆိုရင် ဘယ်လိုပြုစုပျိုးထောင်ပေးသင့်ပါသလဲ ဆရာ။
ဖြေ ။ Down Syndrome ကလေးတွေ ဉာဏ်ရည်နိမ့်တာကို ဆေးကုသလို့ မရပါဘူး။ မိဘတွေ၊ မောင်နှမတွေ၊ ဆွေမျိုးသားချင်းတွေက Down Syndrome ကလေးလေးကို နားလည်ပြီး ကောင်းကောင်း ပံ့ပိုးကူညီပေးဖို့ လိုပါတယ်။ အခုဆိုရင် Down Syndrome ကလေးတွေနဲ့ ပတ်သက်တဲ့ ကျောင်းလေးတွေ၊ သင်တန်းတွေ ရှိနေပါပြီ။ ဒီလို သီးသန့်ကျောင်းလေးတွေကိုပို့ပြီး သူတို့ကို လူဝင်ဆန့်အောင်၊ စွမ်းဆောင်ရည် မြင့်တက်လာအောင် လုပ်ပေးရပါမယ်။
နောက်တစ်ချက်က Down Syndrome ကလေးလေးတွေဟာ မွေးရာပါ နှလုံးရောဂါ ဖြစ်နိုင်ခြေက ပိုများပါတယ်။ တချို့ဆိုရင် မျက်စိ၊ နားတွေမှာ ချို့ယွင်းချက်ပါတာတွေ ရှိတတ်တယ်။ အဲဒါကို မွေးလာကတည်းက သေချာစစ်ဆေးပြီး သင့်တော်တဲ့ ဆေးကုသမှုတွေ ဆောင်ရွက်ပေးရပါမယ်။

မေး ။ Down Syndrome ကလေးလေးတွေ မွေးလာမှာ စိုးရိမ်နေကြတဲ့ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။
ဖြေ ။ မိခင်တွေအနေနဲ့ Down Syndrome ကလေးလေး မွေးမလာအောင် ဆိုပြီး ကာကွယ်လို့တော့ မရပါဘူး။ ဒါပေမဲ့ လုပ်လို့ရတာတစ်ခုက ကိုယ်ဝန်ဆောင်ကာလမှာ သန္ဓေသားကို Down Syndrome ဟုတ်၊ မဟုတ် တခြားနိုင်ငံတွေမှာ စစ်ဆေးလို့ရပါတယ်။ တခြားနိုင်ငံတွေမှာ စစ်ဆေးနည်း နှစ်မျိုးရှိတယ်၊ တစ်ခုက ကိုယ်ဝန်၁၅ပတ် ၀န်းကျင်လောက်မှာ သွေးဖောက်စစ်ပြီး သွေးထဲမှာပါတဲ့ ဟော်မုန်းသုံးမျိုးကို စစ်ဆေးတာပါ။ အဲဒါကို Triple Test လို့တောင် ခေါ်ကြပါတယ်။ အဲဒီက ထွက်လာတဲ့အဖြေမှာ ဒီကလေးက Down Syndrome ဖြစ်နိုင်ခြေ ဘယ်လောက်ရှိတယ်ဆိုတဲ့ အချက်ကို ပြတတ်ပါတယ်။ အဲဒီမှာ ဖြစ်နိုင်ခြေအများဆုံး (High Risk) ဖြစ်နေပြီဆိုရင် နောက်တစ်ဆင့်က မျိုးဗီဇကို စစ်ရပါတယ်။ ကိုယ်ဝန် အပတ်၂၀ မတိုင်ခင်မှာ မိခင်ဗိုက်ထဲက ကလေးဘေးမှာရှိတဲ့ ရေမြွှာရည် အနည်းငယ်ကိုယူပြီး ခရိုမိုဇုမ်းနံပါတ်ကို စစ်လို့ရပါတယ်။ အဲဒါကတော့ အတိအကျသိတဲ့ စစ်ဆေးနည်းပဲ ဖြစ်ပါတယ်။
အဖြေက Down Syndrome ကလေးလို့ သိလာပြီဆိုပါစို့၊ နိုင်ငံခြားက တချို့မိခင်တွေက အဲဒီကလေးကို မလိုချင်ဘဲ ဖျက်ချပစ်တတ်ကြတယ်။ Abortion Law (ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေ) ရှိတဲ့ နိုင်ငံတွေမှာ ကိုယ်ဝန် အပတ် ၂၄ပတ်မတိုင်ခင် ဖျက်ချခွင့်ရှိတော့ မိဘတွေရဲ့သဘောတူညီချက်အတိုင်း ဆေးရုံကနေ ဖျက်ချပေးလေ့ရှိပါတယ်။
ဆရာတို့ မြန်မာနိုင်ငံက မိခင်တွေကတော့ ကိုယ့်ရင်သွေးကို ဘယ်လိုဖြစ်ဖြစ် မွေးပြီး ဆက်လက်ပြုစု ပျိုးထောင်ကြပါတယ်။

မေး ။ Down Syndrome ကလေးတွေကို ပုံမှန်အတိုင်း ကောင်းကောင်းပြုစု စောင့်ရှောက်ပေးမယ်ဆိုရင် အသက်ရှည်ရှည် နေနိုင်ပါသလား ဆရာ။
ဖြေ ။ Down Syndrome ကလေးတွေမှာ တခြားမွေးရာပါ နှလုံးရောဂါတွေ ဘာတွေရှိသလား ဆိုတဲ့အချက်ပေါ်မှာ မူတည်ပါတယ်။ တခြားရောဂါတွေ ပါနိုင်ခြေက များပါတယ်။ ဘာရောဂါမှ မရှိဘူးဆိုရင်တော့ အသက်ရှည်ရှည် နေရပါတယ်။
ဒီကလေးလေးတွေက ဉာဏ်ရည်နိမ့်တော့ သူတို့ဘာသာသူတို့ ရှာဖွေစားသောက်ပြီး ကိုယ့်ဘာသာ ရပ်တည်နေထိုင်နိုင်တာ သိပ်မရှိပါဘူး။ နိုင်ငံခြားမှာတော့ ဒီလို Down Syndrome ကလေးတွေကို မက်ဒေါ်နယ်ဆိုင်မျိုးတွေမှာ မုန့်လေးတွေချပေးတဲ့ အလုပ်တွေ လုပ်ခိုင်းတာရှိပါတယ်။

မေး ။ တချို့လူတွေက Down Syndrome ကလေးက သားဦးကလေးမှာပဲ မွေးတယ်၊ သားနှောင်းမှာ မမွေးဘူး၊ မိခင် အစားမှားလို့ဖြစ်တယ် စသဖြင့် ပြောလေ့ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး ဆရာ။
ဖြေ ။ အစားမှားလို့ ဖြစ်တာမဟုတ်ပါဘူး၊ တချို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးမှားသောက်လို့ ဖြစ်တယ်လို့တောင် ထင်ကြပါတယ်။ ဒါလည်း မဟုတ်ပါဘူး။ သားဦး၊ သားနှောင်းနဲ့လည်း မဆိုင်ပါဘူး။ သူ့ဘာသာ ဖြစ်ချင်လို့ဖြစ်တာပါ။ ပြောရရင် ကံမကောင်းလို့ပဲ ဆိုရမှာပါ။

Credit:ဒေါက်တာစိုးလွင် (သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး)