







#Moe Moe ❤❤❤
#Miss Myanmar

Unicode

မိန်းမတယောက်ရဲ့ ရုပ်ဆင်းအင်္ဂါ ဟာ ၃၀ ထိ လှနေရင် အရင်ဘဝရဲ့ အကျိုးဆက်တွေ(ငယ်ရွယ်နုပျိုမှုတွေကြောင့်)ပါတဲ့

၃၀ နောက်ပိုင်း မှာ တော့ သူမရဲ့ဖြတ်သန်းခဲ့တဲ့ ဘဝ ပတ်ဝန်းကျင်နဲ့ သူမရဲ့ခံယူချက်စိတ်ထားကြောင့် ထင်ဟပ်လာတဲ့ရုပ်ရည်ပါ

ဒါကြောင့် မိန်းမတယောက် ဟာ၃၀ ကျော်၃၅နောက်ပိုင်းမှာတောင် လှနေသေးရင် သူမရဲ့ အတွင်းစိတ် လေးကြောင့်ပါ
အဲဒီချိန်မှာ တောင်လှနေသေးရင် တကယ် လှပသူလေးပါ

ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ကြုံလာရတဲ့ အရာတွေအပေါ် သူမရဲ့ ဘယ်လို စိတ်နဲ့ တုံ့ပြန်လက်ခံမယ်ဆိုတာ သူမရဲ့ရွေးချယ်မှု့နဲ့ ရလဒ်ကြောင့် ထင်ဟပ်လာတဲ့ ရလဒ် ဟာသူမရဲ့မျက်နှာမှာ ရှာဖွေတွေ့နိုင်လို့ပါ

အခက်ခဲရှုံးနှိမ့်နာကျင် စိန်ခေါ်မှု့ များစွာကြုံရတဲ့မိန်းမ တယောက် ဟာ သူမမျက်နှာမှာ အပြုံးပန်းဆင်တာတွေ့မြင်ရသေးတာ သူမ ရဲ့ စိတ်ကြောင့် နဲ့ အခက်ခဲတွေကိုလက်မြှောက်အရှုံးမပေးဖူးဆိုတဲ့ရွေးချယ်မှု့ကြောင့်

လှပတဲ့ ပတ်ဝန်းကျင်မှာ လှပစွာနေနိုင် တွေ့ရတာဟာမဆန်းတဲ့ အရာဖြစ်ပေမယ့် ခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ လှပစွာနေနိုင်တွေ့မြင်ရတာဟာ အတွင်းစိတ် ကြံ့ခိုင်ခြင်းရဲ့ အကျိုးဆက်လေးပါ

မိန်းမတယောက်ရဲ့ အားမာန်နဲ့ တကယ့် အလှတရားအစစ်လေးပါ

#Moe Moe ❤❤❤
#Miss Myanmar