ကိုယ္လက္ကိုက္ခဲေတာင့္တင္းၿပီးဇက္ေၾကာတက္ေနပါလၽွင္

ကိုယ္လက္ကိုက္ခဲေတာင့္တင္းၿပီးဇက္ေၾကာတက္ေနပါလၽွင္

႐ုံးကျပန္လာတိုင္း အျမဲတမ္းကိုယ္လက္ေတြကိုက္ခဲေတာင့္တင္းၿပီး
ဇက္ေၾကာေတြတက္လွသည္ဟုဆိုကာ နင္းပါဦး..ႏွိပ္ပါဦး မိသားစု
၀င္မ်ားအားအကူအညီေတာင္းခံတက္ေသာ ဖခင္အားၾကည့္ၿပီး ဂ႐ု
ဏာသက္မိသည္။

ထိုမၽွမက ဇက္ေၾကာကို ထင္းေခ်ာင္းျဖင့္ထုခိုင္း၊
သနပ္ခါးတုံးျဖင့္ထုခိုင္းေစခိုင္းတတ္ျပန္သည္။ထိုကာလသည္က(၆)ႏွစ္ မကပင္ၾကာမည္ထင္ပါသည္။

ယခုမျဖစ္ေတာ့ပါ..။ နည္းလမ္းေကာင္းေလးရလိုက္၍လည္းျဖစ္၏။

နည္းလမ္း

ေန႔စဥ္အုန္းမွုတ္ခြက္နင္းျခင္းျဖစ္သည္။ ႐ုံးကျပန္လာသည္ႏွင့္ ေရမိုးခ်ိဳးသည္။ၿပီးေနာက္ အိမ္နီးနားရွိ သက္ရင္းႀကီးပင္မွ သက္ရင္းႀကီးရြက္(၂)ရြက္ကိုခူးကာ အုန္းမွုတ္ခြက္ေပၚ
တင္လိုက္ၿပီး ေျခဖဝါးျပင္ႏွစ္ဖက္ ေနရာအႏွံ့ မုန္ညႇင္းဆီကိုလူးေတာ့သည္။

ထိုေနာက္ မုန္ညႇင္းဆီလိမ္းထားေသာေျခဖဝါးႏွစ္ဖက္ျဖင့္ သက္ရင္းႀကီးရြက္ အသင့္တင္ထားေသာ အုန္းမွုတ္ခြက္ေပၚသို႔ (၁၅)မိနစ္ခန႔္ စိတ္တိုင္းၾကနင္းျခင္းျဖစ္ေလသည္။ အေဖႏွစ္ေပါင္းမ်ားစြာခံစားရခက္ေသာကိုယ္လက္ေတာင့္ တင္းဇက္ေၾကာတက္ျခင္း အမွန္ပင္ ယေန႔ခ်ိန္ထိ ေပ်ာက္ကင္းသြားေလသည္။

လိုသူတို႔သုံးေစတနာအျပဳံးျဖင့္ ရႊင္လန္းနိုင္ပါေစ…

#ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

Unicode

ကိုယ်လက်ကိုက်ခဲတောင့်တင်းပြီးဇက်ကြောတက်နေပါလျှင်

ရုံးကပြန်လာတိုင်း အမြဲတမ်းကိုယ်လက်တွေကိုက်ခဲတောင့်တင်းပြီး
ဇက်ကြောတွေတက်လှသည်ဟုဆိုကာ နင်းပါဦး..နှိပ်ပါဦး မိသားစု
၀င်များအားအကူအညီတောင်းခံတက်သော ဖခင်အားကြည့်ပြီး ဂရု
ဏာသက်မိသည်။

ထိုမျှမက ဇက်ကြောကို ထင်းချောင်းဖြင့်ထုခိုင်း၊
သနပ်ခါးတုံးဖြင့်ထုခိုင်းစေခိုင်းတတ်ပြန်သည်။ထိုကာလသည်က(၆)နှစ် မကပင်ကြာမည်ထင်ပါသည်။

ယခုမဖြစ်တော့ပါ..။ နည်းလမ်းကောင်းလေးရလိုက်၍လည်းဖြစ်၏။

နည်းလမ်း

နေ့စဉ်အုန်းမှုတ်ခွက်နင်းခြင်းဖြစ်သည်။ ရုံးကပြန်လာသည်နှင့် ရေမိုးချိုးသည်။ပြီးနောက် အိမ်နီးနားရှိ သက်ရင်းကြီးပင်မှ သက်ရင်းကြီးရွက်(၂)ရွက်ကိုခူးကာ အုန်းမှုတ်ခွက်ပေါ်
တင်လိုက်ပြီး ခြေဖဝါးပြင်နှစ်ဖက် နေရာအနှံ့ မုန်ညှင်းဆီကိုလူးတော့သည်။

ထိုနောက် မုန်ညှင်းဆီလိမ်းထားသောခြေဖဝါးနှစ်ဖက်ဖြင့် သက်ရင်းကြီးရွက် အသင့်တင်ထားသော အုန်းမှုတ်ခွက်ပေါ်သို့ (၁၅)မိနစ်ခန့် စိတ်တိုင်းကြနင်းခြင်းဖြစ်လေသည်။ အဖေနှစ်ပေါင်းများစွာခံစားရခက်သောကိုယ်လက်တောင့် တင်းဇက်ကြောတက်ခြင်း အမှန်ပင် ယနေ့ချိန်ထိ ပျောက်ကင်းသွားလေသည်။

လိုသူတို့သုံးစေတနာအပြုံးဖြင့် ရွှင်လန်းနိုင်ပါစေ…

#ရဲမျိုးသူ(ဗောဓိမြိုင်)