အဖ်ားလံုးဝမက်ဘဲ ကေလးမွိန္းေနၿပီး ေကာ္ဖီေရာင္အန္ျခင္း၊ ဝမ္းအမည္းသြားျခင္းတို႔ ျဖစ္ပါက ေဆး႐ံုသို႔ အျမန္ဆံုးျပရန္ လို

အဖ်ားလံုးဝမက်ဘဲ ကေလးမွိန္းေနၿပီး ေကာ္ဖီေရာင္အန္ျခင္း၊ ဝမ္းအမည္းသြားျခင္းတို႔ ျဖစ္ပါက ေဆး႐ံုသို႔ အျမန္ဆံုးျပရန္ လို

အဖ်ားလံုးဝမက်ဘဲ ကေလးသည္ မွိန္းေနၿပီး ေကာ္ဖီေရာင္အန္ျခင္း၊ ဝမ္းအမည္းသြားျခင္းတို႔သည္ ေသြးလြန္တုပ္ေကြး ေသြးလန္႔လကၡာျဖစ္သည့္အတြက္ ေဆး႐ံုသို႔ အျမန္ဆံုး ျပသရန္လိုအပ္ေၾကာင္း အေထြေထြေရာဂါကုဆရာဝန္ ေဒါက္တာေက်ာ္စြာဦးက ေမလ ၁၆ ရက္တြင္ အကုန္သိသတင္းဌာနသို႔
ေျပာသည္။

ေသြးလြန္တုပ္ေကြးေရာဂါသည္ ေန႔လယ္ခင္းႏွင့္ ညေနေစာင္းတို႔တြင္ ကိုက္သည့္ Ades ေခၚ ျခင္ၾကားေၾကာင့္ ျဖစ္ေပၚျခင္းျဖစ္သည္။

“ ေသြးလြန္တုပ္ေကြးက ရာသီတုိင္းျဖစ္တယ္။ ေနာက္ပိုင္းဆို အရြယ္စံုျဖစ္ပြားလာတာကိုပါ ေတြ႕ရတယ္။ ဒါေၾကာင့္ ဘယ္အခ်ိန္ဖ်ားဖ်ား၊ ဘယ္ရာသီဖ်ားဖ်ား ေသြးလြန္တုပ္ေကြးလကၡဏာေတြကို မိဘေတြ ထည့္စဥ္းစားဖို႔လိုတယ္။ ေသြးလြန္တုပ္ေကြးမွာ အဆင့္ေတြရွိတယ္။ အဆင့္ ၁၊ ၂၊ ၃ ေပါ့။ အဆင့္ ၁ က ျပႆနာမရွိေပမယ့္ အဆင့္ ၂ တို႔ ၃ တို႔ဆို ေဆး႐ံုမွာ ေစာင့္ၾကပ္ၾကည့္႐ႈကုသဖို႔လိုတယ္။ ကေလးက ၃၊ ၄ ရက္ ဆက္တိုက္ဖ်ားတယ္။ အစားမစားဘူး။ ဝမ္းအမည္းေတြသြားတယ္။ သြားဖံုးတို႔ ႏွာေခါင္းတို႔ကေန ေသြးလွ်ံတယ္။ ေသြးထြက္တယ္၊ တခ်ိဳ႕က ဗိုက္ေအာင့္တယ္။ ဒါဆိုရင္ေတာ့ ေဆး႐ံုအျမန္ဆံုးျပသင့္တယ္” ဟု ေဒါက္တာေက်ာ္စြာဦးက ေျပာသည္။

ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ေစသည့္ ျခင္ၾကားမ်ားသည္ ေရၾကည္ေရသန္႔တြင္ ေပါက္ဖြားေလ့ရွိသည့္အတြက္ အိုးျခမ္းပဲ့မ်ား ဖယ္ရွားရွင္းလင္းျခင္း၊ ေသာက္ေတာ္ေရအိုး၊ ဘုရားပန္းအိုးရွိ ေရမ်ားတြင္ ပိုးေလာက္လန္းမ်ား ေတြ႕ရွိပါက ဖယ္ရွားျခင္း၊ ေရအိုး၊ ေရစည္မ်ားကို ဖံုးအုပ္ၿပီး သြန္ျခင္း၊ လဲျခင္း၊ စစ္ေဆးျခင္းတို႔ လုပ္ေဆာင္ရန္ လိုအပ္ေၾကာာင္း သိရသည္။

မင္းသီဟန္ ( အကုန္သိသတင္းဌာန)

Unicode

အဖျားလုံးဝမကျဘဲ ကလေးမှိန်းနေပြီး ကော်ဖီရောင်အန်ခြင်း၊ ဝမ်းအမည်းသွားခြင်းတို့ ဖြစ်ပါက ဆေးရုံသို့ အမြန်ဆုံးပြရန် လို

အဖျားလုံးဝမကျဘဲ ကလေးသည် မှိန်းနေပြီး ကော်ဖီရောင်အန်ခြင်း၊ ဝမ်းအမည်းသွားခြင်းတို့သည် သွေးလွန်တုပ်ကွေး သွေးလန့်လက္ခာဖြစ်သည့်အတွက် ဆေးရုံသို့ အမြန်ဆုံး ပြသရန်လိုအပ်ကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက မေလ ၁၆ ရက်တွင် အကုန်သိသတင်းဌာနသို့
ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါသည် နေ့လယ်ခင်းနှင့် ညနေစောင်းတို့တွင် ကိုက်သည့် Ades ခေါ် ခြင်ကြားကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။

“ သွေးလွန်တုပ်ကွေးက ရာသီတိုင်းဖြစ်တယ်။ နောက်ပိုင်းဆို အရွယ်စုံဖြစ်ပွားလာတာကိုပါ တွေ့ရတယ်။ ဒါကြောင့် ဘယ်အချိန်ဖျားဖျား၊ ဘယ်ရာသီဖျားဖျား သွေးလွန်တုပ်ကွေးလက္ခဏာတွေကို မိဘတွေ ထည့်စဉ်းစားဖို့လိုတယ်။ သွေးလွန်တုပ်ကွေးမှာ အဆင့်တွေရှိတယ်။ အဆင့် ၁၊ ၂၊ ၃ ပေါ့။ အဆင့် ၁ က ပြဿနာမရှိပေမယ့် အဆင့် ၂ တို့ ၃ တို့ဆို ဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုကုသဖို့လိုတယ်။ ကလေးက ၃၊ ၄ ရက် ဆက်တိုက်ဖျားတယ်။ အစားမစားဘူး။ ဝမ်းအမည်းတွေသွားတယ်။ သွားဖုံးတို့ နှာခေါင်းတို့ကနေ သွေးလျှံတယ်။ သွေးထွက်တယ်၊ တချို့က ဗိုက်အောင့်တယ်။ ဒါဆိုရင်တော့ ဆေးရုံအမြန်ဆုံးပြသင့်တယ်” ဟု ဒေါက်တာကျော်စွာဦးက ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေသည့် ခြင်ကြားများသည် ရေကြည်ရေသန့်တွင် ပေါက်ဖွားလေ့ရှိသည့်အတွက် အိုးခြမ်းပဲ့များ ဖယ်ရှားရှင်းလင်းခြင်း၊ သောက်တော်ရေအိုး၊ ဘုရားပန်းအိုးရှိ ရေများတွင် ပိုးလောက်လန်းများ တွေ့ရှိပါက ဖယ်ရှားခြင်း၊ ရေအိုး၊ ရေစည်များကို ဖုံးအုပ်ပြီး သွန်ခြင်း၊ လဲခြင်း၊ စစ်ဆေးခြင်းတို့ လုပ်ဆောင်ရန် လိုအပ်ကြောာင်း သိရသည်။

မင်းသီဟန် ( အကုန်သိသတင်းဌာန)