အဂတိလိုက္စားသူမ်ားအတြက္ သတိေပးေခါင္းေလာင္းထိုးသံ

အဂတိလိုက္စားသူမ်ားအတြက္ သတိေပးေခါင္းေလာင္းထိုးသံ

ႏွစ္ေပါင္း ၅၀ ေက်ာ္ အာဏာရွင္လက္ေအာက္က်ေရာက္ခဲ့ရတဲ့ ကၽြန္ေတာ္တို႔တိုင္းျပည္ဟာ က႑ ေပါင္းစံုအဘက္ဘက္က နိမ့္က်ယိုယြင္းပ်က္စီးခဲ့ရတယ္။ ထိုသို႔ ပ်က္စီးမႈထဲမွာမွအဆိုးဆံုးက ကၽြန္ေတာ္ တို႔ျပည္သူအမ်ားစုရဲ႕ စိတ္ဓာတ္ေတြ ယိုယြင္းပ်က္စီးကုန္တာပဲျဖစ္ပါတယ္။ ျပည္သူဆိုတဲ့ေနရာမွာ အစိုးရ ၀န္ထမ္းေတြလည္း ပါ၀င္ပါတယ္။ က်န္တဲ့အရာ၀တၳဳပ်က္စီးမႈေတြက ျပန္ျပင္လို႔၊ ျပန္ရွာလို႔လြယ္ေပမဲ့ စိတ္ဓာတ္ေတြပ်က္စီးမႈက ျပင္ရတာ အခက္အခဲဆံုးပါပဲ။

ကမၻာေပၚမွာ ကၽြန္ေတာ္တို႔ ႏုိင္ငံဟာ အက်င့္ပ်က္လာဘ္စားမႈ ထိပ္ဆံုးႏုိင္ငံေတြထဲမွာ ယေန႔အထိ ႏွစ္ေပါင္းမ်ားစြာရပ္တည္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၇ ထုတ္ျပန္ခ်က္မွာ ႏုိင္ငံေပါင္း ၁၈၀ ႏုိင္ငံမွာ အဆင့္ ၁၃၀ ရပ္တည္လ်က္ရိွပါတယ္။ ခုထိ အနီေရာင္အဆင့္ထဲမွာပဲ ရိွပါေသးတယ္။ ဒါေတာင္ ေလ်ာ့က်သြားတာ ျဖစ္ပါတယ္။ စဥ္းစားၾကည့္ရင္ ကမာၻ႔ႏုိင္ငံေတြအလယ္မွာ အေတာ္ရွက္စရာေကာင္းလွပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ ရွက္ရေကာင္းမွန္း မသိၾကေသးပါဘူး။ မသိလို႔လည္း ဒီေန႔အထိ အဂတိလိုက္စားမႈအဆိုးဆံုး ႏုိင္ငံေတြထဲမွာ ပါေနဆဲျဖစ္ေနတာေပါ့။

ႏွစ္ေပါင္းမ်ားစြာ အျမစ္တြယ္ေနတဲ့ အဂတိလိုက္စားမႈဟာ အခိ်န္ၾကာလာေတာ့ ရွက္စရာလို႔ေတာင္မျမင္ဘဲ အားက်စရာအျဖစ္ေတာင္ ယေန႔ျပည္သူအမ်ားစုက ျမင္လာတဲ့အထိ အေျခအေနက ဆိုးလာခဲ့တယ္။ အမွားဟာအခိ်န္ၾကာလာေတာ့ အမွန္လို႔ထင္ျမင္လာၾကတယ္။ ဟုတ္၊ မဟုတ္စဥ္းစားၾကည့္ ဒီေန႔ လူငယ္တေယာက္အလုပ္၀င္မယ္ဆိုရင္ ဘယ္လိုဌာနမွာ ၀င္ခ်င္ၾကလဲဆိုတာအေျဖပါပဲ။ လာဘ္ေငြေဘး ေပါက္အမ်ားဆံုးရတဲ့ဌာနကို ၀င္ခ်င္ၾကတာပဲ။ ေက်ာင္းဆရာလုပ္မလား၊ အေကာက္အခြန္ဌာနတို႔ လ၀ကတို႔ မွာ လုပ္မလားဆိုရင္ ဘယ္မွာလုပ္ခ်င္တယ္လို႔ေျဖမလဲ။ အဲဒီလို လာဘ္ေငြအမ်ားအျပားရတဲ့ဌာနကို ေနရာရဖို႔အတြက္ ေငြသိန္းေပါင္းမ်ားစြာေပးၿပီးေတာင္ ၀င္ၾကရတယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္ ဒီလို အက်င့္ ပ်က္လာဘ္စားဖို႔ကို အရွက္အေၾကာက္ရိွဖို႔ ေနေနသာသာ အားက်စရာအျဖစ္ေတာင္ ျမင္လာတဲ့လူမႈ အဖဲြ႕အစည္းတခု ျဖစ္မွန္းမသိျဖစ္လာၾကတာဟာ တိုင္းျပည္အနာဂတ္အတြက္ ရင္ေလးစရာပဲျဖစ္ပါ တယ္။

ဒီေန႔ မိဘကလည္း ငါ့သားသမီးမဟုတ္တာလုပ္ၿပီး ေငြရွာေနၾကတာကို ဂုဏ္ယူတယ္၊ သူတို႔ရွာတာကို စား၀ံ့တယ္။ ေၾသာ္ . . . ငါ့သားသမီးေလး ဒါမ်ဳိးလုပ္တာ မေကာင္းဘူးဆိုၿပီးမတားတဲ့အျပင္ အဲဒီလိုလုပ္ဖို႔ အတြက္ကို တြန္းပို႔ေပးၾကတယ္။ သားသမီးေတြကလည္း ငါ့မိဘက ဘယ္လိုဌာနက ဘယ္လိုရာထူးႀကီး ဘယ္လို ၀င္ေငြေကာင္းတာဆိုၿပီး ဂုဏ္ယူၾကတယ္။ ငါ့မိဘက မဟုတ္တာလုပ္ေနတာဆိုၿပီး ဘယ္သားသမီးမွ ရွက္ရေကာင္းမွန္းမသိၾကဘူး။ ပတ္၀န္းက်င္လူမႈအဖဲြ႕အစည္းကပါ ေလးစားအားက်ေနေတာ့ ဂုဏ္ယူစရာ ျဖစ္ေနၾကတာေပါ့။ စဥ္းစားၾကည့္ ကၽြန္ေတာ္တို႔ႏုိင္ငံရဲ႕ လူမႈအဖဲြ႕အစည္းအတြင္း ဘယ္ေလာက္ေတာင္ စိတ္ဓာတ္ေတြ ပ်က္ျပားေနၾကၿပီလဲဆိုတာ။ မဟုတ္တာ၊ မမွန္တာ လုပ္ရမွာကို ရွက္ရ၊ ေၾကာက္ရေကာင္းမွန္း မသိေတာ့ဘူး။

ယေန႔တိုင္းျပည္အဘက္ဘက္က နိမ့္က်ပ်က္စီး ေနတဲ့ အဓိကအေၾကာင္းရင္ထဲမွာ ဒီအဂတိလိုက္စား မႈလည္း ပါ၀င္ပါတယ္။ ဒီေန႔အရပ္သားဒီမိုကေရစီ အစိုးရလက္ထက္မွာေတာ့ ႏွစ္ေပါင္းမ်ားစြာအျမစ္ တြယ္ေနတဲ့အက်င့္ဆိုး၊ စ႐ိုက္ဆိုးႀကီးကို စတင္တိုက္ဖ်က္ေတာ့မယ္လို႔ ေၾကြးေၾကာ္ထားတယ္။ သမၼတ သစ္ဦး၀င္းျမင့္လက္ထက္မွာပဲ ပထမဆံုးအႀကီးဆံုး ငါးတေကာင္ကို ဖမ္းျပလိုက္ၿပီ။ ညႊန္ခ်ဳပ္အဆင့္ရိွတဲ့ လူႀကီးတေယာက္ကို အဂတိလိုက္စားမႈနဲ႔ တရားစဲြအေရးယူလိုက္ပါၿပီ။ ညႊန္ခ်ဳပ္ဆိုတဲ့အဆင့္က သူ႔အထက္ ၀န္ႀကီးပဲ ရိွေတာ့တာပါ။ ဒါမ်ဳိးအေရးယူျပမႈကို ႀကိဳဆိုရမွာပဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၄ ရက္ေန႔က မႏၲေလးတိုင္း တရားလႊတ္ေတာ္မွာ အဂတိလိုက္စားမႈနဲ႔ တရားစဲြခံရတဲ့ညႊန္ခ်ဳပ္ကို ႐ံုးထုတ္စစ္ေဆးခဲ့တယ္။ ႐ံုးထုတ္လာတဲ့အခိ်န္မွာ ထိုညႊန္ခ်ဳပ္ဆိုတဲ့အရာရိွကို လက္ထိတ္ခတ္ၿပီး ေရွ႕ကရဲက သံႀကိဳးဆဲြၿပီးေခၚလာတယ္။ မီဒီယာေတြကလည္း ဓာတ္ပံုတဖ်ပ္တဖ်ပ္႐ိုက္ၾကတယ္။ ထိုျမင္ကြင္းကိုၾကည့္ၿပီး အေတာ္စိတ္မေကာင္းျဖစ္ တရားရမိတယ္။ ေၾသာ္ . . . တခိ်န္က ဘုရင္အလား အေျခြအရံေတြနဲ႔ ေနခဲ့တဲ့ အရာရိွတေယာက္က ခုေတာ့ လက္ထိတ္ႀကီးနဲ႔ သံႀကိဳးဆဲြေခၚခံရတဲ့အဆင့္ ျဖစ္သြားၿပီ။ ေနာက္ေန႔ထြက္ သတင္းမီဒီယာမ်ားမွာလည္း မ်က္ႏွာဖံုးသတင္းအျဖစ္ပါလာၾကတယ္။ ယခု လိုပံုစံမ်ဳိးပဲ ၿပီးခဲ့တဲ့လ ဧၿပီ ၂၆ ရက္ေန႔ကလည္း ျပင္ဦးလြင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ဒုဦးစီးမွဴးတို႔ကို အဂတိလိုက္စားမႈႏွစ္မႈအတြက္ ေထာင္ဒဏ္ ၁၀ ႏွစ္စီ အမိန္႔ခ်ခဲ့တာေတြ႕ရမွာပါ။

ႏုိင္ငံတကာမွာၾကည့္ရင္လည္း ေတာင္ကိုရီးယားသမၼတပတ္ဂြမ္ဟီးကို အဂတိလိုက္စားမႈနဲ႔ ေထာင္ဒဏ္ ၂၄ ႏွစ္ခ်မွတ္လိုက္ပါတယ္။ ထို႔အတူ ဖိလစ္ပိုင္မွ သမၼတအာယိုယို၊ ထိုင္းႏုိင္ငံမွ ရင္လတ္တို႔ဟာလည္း အဂတိလိုက္စားမႈမ်ားနဲ႔ တရားစဲြဆိုခံထားၾကရပါတယ္။ ေတာင္ကိုရီးယားသမၼတပတ္ဂြမ္ဟီးဆိုရင္ ေနခ်င္းညခ်င္း သမၼတဘ၀မွ လက္ထိတ္နဲ႔ တရားခံဘ၀ေရာက္သြားၿပီး သမၼတအိမ္ေတာ္ကေန ဆင္းေပးလိုက္ရတဲ့ျမင္ကြင္း၊ သူ႔ႏုိင္ငံသားေတြမွ ခ်က္ခ်င္းႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုတဲ့ျမင္ကြင္း၊ ႐ံုးထုတ္ လာတဲ့ျမင္ကြင္းေတြက တရားက်စရာျမင္ကြင္းေတြပါပဲ။

ကဲ စဥ္းစားၾကည့္ရေအာင္ ခုလိုအရာရိွအရာခံႀကီးေတြဘ၀ကေန ခ်က္ခ်င္းတရားခံဘ၀ေရာက္ရိွ သြားရတာ သူတို႔အေနနဲ႔ ဘယ္ေလာက္ေတာင္ရွက္လိုက္မလဲ။ တရားခံရဲ႕မိသားစုအေနနဲ႔ ကိုယ့္ဖေအ တေယာက္ ဒါမ်ဳိးလက္ထိတ္ႀကီးနဲ႔ သံႀကိဳးဆဲြေခၚသြား တာၾကည့္ၿပီး ဘယ္ေလာက္ရင္ထုမနာ ခံစားလိုက္ၾကရမလဲ။

ေဆြမ်ဳိးသားခ်င္းေတြေရာ ဘယ္ေလာက္အရွက္တရားရၾကမလဲ။ အဂတိလိုက္စားတုန္းကေတာ့ ကိုယ့္ မိသားစုေကာင္းစားေရး ကိုယ္ေဆြမ်ဳိးေကာင္းစားေရးအတြက္ပါ။ ခုခံၾကရေတာ့ ဘယ္သူမွ လာကယ္ေပးလို႔ မရေတာ့ဘူး၊ ဘယ္သူမွလည္း ၀င္ခံေပးလို႔ မရၾကေတာ့ဘူး။ ခံစရာရိွေတာ့ ကိုယ္တေယာက္တည္း ခါးစည္းခံၾကရေတာ့မွာပါ။ ဒါကလက္ရိွဘ၀မွာခံရတာ မစားသင့္တာစား၊ မလုပ္သင့္တာလုပ္ခဲ့ၾကတဲ့အတြက္ လည္း ေသၿပီးတဲ့ေနာက္ပိုင္း သံသရာတေလွ်ာက္ခံၾကရဦးမယ္။ ေသခ်ာစဥ္းစားၾကည့္မယ္ဆိုရင္ တကယ္ ေၾကာက္စရာႀကီးပါ။

ဒီအျဖစ္အပ်က္ကေန ျပည္သူေတြေရာ အစိုးရ ၀န္ထမ္းေတြေရာ သင္ခန္းစာယူၾကရပါမယ္။ ကိုယ္တိုင္ ေတြ႕ႀကံဳခဲ့တဲ့အျဖစ္မွန္တခု ေျပာျပပါဦးမယ္။ ၿပီးခဲ့တဲ့ ႏွစ္ထဲက ၀န္ႀကီးဌာနတခုရဲ႕ ခ႐ိုင္အဆင့္လူႀကီးအပါ အ၀င္ ၀န္ထမ္းမ်ားက တင္ဒါကိစၥနဲ႔ပတ္သက္ၿပီး မမွန္မကန္လုပ္တယ္။ ဒါကိုခံရတဲ့သူေတြက မေက်နပ္လို႔ ကၽြန္ေတာ့္ဆီလာအကူအညီေတာင္းတယ္။ ဒါနဲ႔ ကၽြန္ေတာ္ကလည္း သက္ေသအေထာက္အထားနဲ႔ ၀န္ႀကီး၊ ဒု၀န္ႀကီးဆီတိုင္ၾကားခိုင္းလိုက္တယ္။ ေနျပည္ေတာ္က စစ္ေဆးေရးအဖဲြ႕ေစလႊတ္ၿပီး စစ္ေဆးခိုင္းေတာ့ ဒီ၀န္ထမ္းေတြရဲ႕ မဟုတ္တာလုပ္တာေပၚခဲ့တယ္။ အနည္းဆံုးအလုပ္ျပဳတ္နဲ႔ အမ်ားဆံုးေထာင္က်တဲ့အထိ ခံၾကရေတာ့မယ္။ ဒီအခိ်န္မွာ အဲဒီ၀န္ထမ္းေတြက ကၽြန္ေတာ့္မိတ္ေဆြမ်ားဆီ အတင္းလာေရာက္ေတာင္း ပန္ၾကတယ္။ သူတို႔မိသားစုေတြကို သနားဖို႔၊ တခ်ဳိ႕ကလည္း ပင္စင္နီးၿပီ ပင္စင္ယူရင္ထုတ္ရမယ့္ ပင္စင္ ခီ်းျမႇင့္ေငြေလးနဲ႔ အိမ္ေဆာက္ရမွာမို႔လို႔ မလုပ္ပါနဲ႔ အတင္းေတာင္းပန္တယ္။ ေနာက္ဆံုးေတာ့ ကၽြန္ေတာ့္ မိတ္ေဆြမ်ားက သနားၿပီး ေက်ေအးေၾကာင္း လက္မွတ္ထိုးေပးလိုကရတယ္။

အဲေတာ့ဗ်ာ မလုပ္ခင္မွာ ဒီလိုလုပ္ရင္ ဒီလိုျဖစ္ႏုိင္တယ္ဆိုတာ ဘာလို႔မစဥ္းစားၾကတာလဲ။ သူမ်ားေတြလည္း မဟုတ္တာလုပ္ ေနၾကတာပဲကြာ ဘာျဖစ္လို႔တုန္းဆိုၿပီး ေျပာလို႔မရပါဘူး။ သူမ်ား ၁၀ ခါအမွားလုပ္လို႔ ဘာမွျဖစ္ ခ်င္မွျဖစ္ေပမဲ့ ကိုယ္တခါလုပ္မိတဲ့ အမွားေလးကလည္း ခုလိုဒုကၡေရာက္သြားႏုိင္ဆိုတာ သတိထားရပါမယ္။ ဘာမွမျဖစ္ရင္ေတာ့ ဘာမွမျဖစ္ဘူးေပါ့။ ျဖစ္လာခဲ့ရင္ေတာ့ အေဖလည္း ကယ္လို႔မရ၊ အေမလည္း ကယ္လို႔မရ၊ သားသမီးလည္း ကယ္လို႔မရပါဘူး။ တကယ္ျဖစ္ေတာ့ ကိုတေယာက္တည္းခံရတာ။ အသက္ႀကီးလို႔ ဘုရားတရားလုပ္ရမယ့္အခိ်န္မွာ ေထာင္ထဲမွာ အခိ်န္ကုန္သြားၾကရေတာ့မယ္။

ဒါမ်ဳိးေတြျဖစ္မလာဖို႔အတြက္ အစကတည္းက မိဘမ်ားအေနနဲ႔လည္း ကိုယ့္သားသမီးဟာ တရား၀င္ေပးတဲ့ လစာထက္ပိုရေနတယ္ဆိုရင္ မလုပ္ဖို႔သတိေပးရမယ္။ ငါ့သား ငါ့သမီး မဟုတ္တာ၊ မမွန္တာလုပ္ၿပီး ရွာေကၽြးတဲ့ထမင္းေတာ့ ငါတို႔မစားခ်င္ဘူးဆိုၿပီး ျပတ္ျပတ္သားသားေျပာရမယ္။ သားသမီးေတြအေနနဲ႔လည္း ကိုယ့္မိဘက မဟုတ္တာလုပ္ေနတယ္ဆိုရင္ အေဖ၊ အေမ မဟုတ္တာလုပ္ၿပီးေတာ့ သားတို႔၊ သမီးတို႔ကို ရွာမေကၽြးပါနဲ႔ သမီးတို႔ထမင္းကို ဆားနဲ႔ပဲစားရစားရ စားပါ့မယ္။ ခုသူမ်ားေတြအဖမ္းခံရတာၾကည့္ပါ၊ ဘယ္ေလာက္ရွက္စရာေကာင္းသလဲ၊ အေဖ၊ အေမတို႔အတြက္ လက္ရိွဘ၀မွာလည္း မေကာင္းသလို သံသရာ မွာလည္း မေကာင္းပါဘူးဆိုၿပီး ျပတ္ျပတ္သားသား တားျမစ္ရပါမယ္။ ဒါမွကိုယ့္မိဘ ကိုယ့္သားသမီးကို တကယ္ခ်စ္တယ္လို႔ ေျပာလို႔ရမွာပါ။ ကိုယ့္သားသမီး၊ ကိုယ့္မိဘမဟုတ္တာလုပ္ၿပီး ေငြရွာေနတုန္းကေတာ့ တားျမစ္ရေကာင္းမွန္းမသိ ေပ်ာ္ေပ်ာ္ပါးပါးစားေသာက္ၾကၿပီးေတာ့ ျပႆနာျဖစ္ လက္ထိတ္တန္းလန္းနဲ႔ အဖမ္းခံရေတာ့မွ ရွက္လွပါၿပီ မလုပ္ၾကပါနဲ႔။ ေနာင္တ မရၾကပါနဲ႔။

မိဘမဟုတ္တာလုပ္ရင္ ကိုယ္တင္မက သားသမီးေျမးျမစ္ေတြအတြက္ ခံရတယ္ဆိုတာ ဂဠဳန္ဦးေစာ အျဖစ္အပ်က္က ကၽြန္ေတာ္တို႔ႏုိင္ငံအတြက္အေကာင္းဆံုးသင္ခန္းစာႀကီးပါပဲ။ ကိုယ့္ရဲ႕အာဏာမက္ေမာမႈ ေၾကာင့္ ျမန္မာအမ်ဳိးသားေခါင္းေဆာင္ႀကီးကို သတ္လိုက္တဲ့အက်ဳိးဆက္က ကိုယ္တိုင္လည္း ႀကိဳးစင္ တက္ခဲ့ရသလို ကိုယ္ရဲ႕သားသမီးေတြသာမက သားသမီးေတြက ေမြးလာတဲ့ေျမးျမစ္ေတြအထိ အာဇာနည္ ေန႔ဆို ေက်ာင္းမတက္ရဲေအာင္အထိ သမိုင္းတေလွ်ာက္ အက်ဳိးဆက္က ေၾကာက္စရာပါ။

ထို႔အတူ တိုင္းျပည္နဲ႔ ျပည္သူ႔အက်ဳိးအတြက္ ကိုယ္က်ဳိးစြန္႔ အသက္စြန္႔ေပးဆပ္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ အာဇာနည္ေခါင္းေဆာင္ေတြရဲ႕ အက်ဳိးတရားဟာ ဘယ္ေလာက္ႀကီးသလဲဆိုေတာ့ ယေန႔အထိ အာဇာနည္ေန႔တိုင္း တတိုင္းျပည္လံုးက အေလးျပဳေနရဆဲျဖစ္တယ္။ ျမန္မာႏုိင္ငံတည္ရိွသေရြ႕ သူတို႔ဟာ ရွင္သန္ေနမွာပဲျဖစ္ပါတယ္။ သူတို႔ရဲ႕ သားသမီးေျမးျမစ္ေတြဟာလည္း ကိုယ့္ဖခင္ ကိုယ့္အဖိုးရဲ႕ေကာင္းမြန္ မွန္ကန္တဲ့လုပ္ရပ္ေတြရဲ႕ အသီးအပြင့္ေတြကို ဘယ္ေလာက္ခံစားေနၾကရလဲဆိုတာ ျမင္ေတြ႕ၾကမွာပါ။ တႏုိင္ငံလံုးကခ်စ္ခင္ေလးစားၾကၿပီး အမ်ားအလယ္မွာ ကိုယ့္မိဘလုပ္ရပ္ေၾကာင့္ ေခါင္းေမာ့ရင္ေကာ့ႏုိင္ခဲ့ ၾကတယ္။

အဲဒီေတာ့ ကိုယ့္ရဲ႕သားသမီးမ်ဳိးဆက္အတြက္ ကၽြန္ေတာ္တို႔ ဘာေတြခ်န္ခဲ့ၾကမွာလဲ။ ငါ့မိဘက ဘယ္လိုကြဆိုၿပီး လူပံုအလယ္မွာ လက္မေထာင္ႏုိင္ေစခ်င္လား။ ကိုယ့္မိဘ အဘိုးအဘြားလုပ္ရပ္ေၾကာင့္ လူ႔ေလာကအလယ္မွာ ေခါင္းမေဖာ္ရဲေအာင္ ျဖစ္ေစခ်င္သလား ဆံုးျဖတ္ၾကပါ။ တကယ္ျဖစ္လာရင္ တရားဥပေဒကေရာ၊ ကံတရားကေရာ၊ လူမႈအသိုင္းအ၀ိုင္းကပါ ခြင့္မလႊတ္ဘူး၊ မသနားၾကဘူးဆိုတာ ေရွ႕မွာျဖစ္တဲ့အမႈေတြက သက္ေသပါပဲ။ ရာထူးအာဏာရိွခိ်န္မွာေတာ့ ျပည္သူကိုလည္း မငဲ့ကြက္၊ တိုင္းျပည္အေပၚမွာလည္း မၾကည့္၊ ငါ့အတြက္၊ ငါ့မိသားစုအတြက္၊ ငါ့ေဆြမ်ဳိး အသိုင္းအ၀ိုင္းအတြက္ အက်ဳိးတခုတည္းၾကည့္ ထင္ရာ စိုင္းလုပ္ခ်င္ရာလုပ္ေနၾကသူေတြ အထူးသတိထားၾကပါ။

ရာထူး အာဏာ စည္းစိမ္ဆိုတာ တဒဂၤပါ။ ဒီရာထူး အာဏာစည္းစိမ္က လူေတြရဲ႕စိတ္ကိုေျပာင္းလဲ ပ်က္စီးေစႏုိင္ပါတယ္။ ခဏတာရရိွတဲ့ အာဏာစည္းစိမ္ေပၚမွာ ယစ္မူးသာယာမမိေစဖို႔ သတိကပ္ၾကပါ။ ကိုယ္အာဏာရိွေနတဲ့အခိ်န္၊ ခ်မ္းသာေနတဲ့အခိ်န္မွာေတာ့ ကိုယ့္ေဘးမွာေျမႇာက္ပင့္ ဖားယားေနတဲ့သူေတြ ေပါမွာပဲ။ ဒါေတြကို ကိုယ္ကသာယာၿပီး လမ္းလဲြလိုက္သြားလို႔ကေတာ့ ခံစရာရိွတဲ့အခိ်န္မွာေတာ့ ကိုယ္ တေယာက္တည္း ခံရမွာပါပဲ။ မဟုတ္တာလုပ္တဲ့သူေတြရဲ႕ အဆံုးသတ္က ဘယ္ေတာ့မွ မေကာင္းၾကဘူး ဆိုတာ သိထားၾကပါ။

လက္ရိွသမၼတအသစ္ကလည္း အဂတိလိုက္စားမႈကို ေသခ်ာတိုက္ဖ်က္မယ္လို႔ ေၾကြးေၾကာ္ထားတယ္။ အဲဒီေတာ့ ကိုယ္မပါရေအာင္ မွန္ကန္စြာလုပ္ေဆာင္ၾကပါေတာ့။ ဘယ္သူတရားပ်က္ပ်က္ ကိုယ္မပ်က္ေစပါနဲ႔။ ဒီေနရာမွာ အစိုးရသစ္အေနနဲ႔လည္း အဂတိလိုက္စားမႈ တကယ္အျမစ္ျပတ္ေအာင္ လုပ္ခ်င္တယ္ဆိုရင္ေတာ့ ေက်ာသားရင္သားမခဲြျခား အႀကီးအငယ္မေရြး အေရးယူေဆာင္ရြက္ၾကဖို႔လိုပါတယ္။ ေကာက္႐ိုးမီးသဖြယ္ လုပ္ေနလို႔ကေတာ့ ဒီေရာဂါဆိုးႀကီးက ဘယ္ေတာ့မွ ပေပ်ာက္မည္မထင္ပါ။

နိဂံုးခ်ဳပ္ေျပာခ်င္တာက ကၽြန္ေတာ္တို႔ဟာ လူ႔ဘ၀ကို၀င္လာတုန္းကလည္း ကုသိုလ္၊ အကုသိုလ္ကလဲြၿပီး ဘာမွမပါလာခဲ့ဘူး။ ေသသြားေတာ့လည္း ကုသိုလ္ အကုသိုလ္ကလဲြၿပီး အပ္တိုတေခ်ာင္းေတာင္ သယ္သြားလို႔မရပါဘူး။ အဲဒီေတာ့ သံသရာမွာပါမယ့္ အကုသိုလ္အတြက္ သံသရာမပါမယ့္ ေငြေၾကးစည္းစိမ္နဲ႔ ဘာလို႔လဲၾကမွာလဲ။ သူမ်ားအမွားကေန သင္ခန္းစာယူၾကပါ။ လြန္မွေနာင္တရေနလို႔ကေတာ့ အပိုပါပဲ။ က်ားေသရင္ သားေရခ်န္ရတယ္။ လူေသရင္ နာမည္က်န္ရတယ္တဲ့။ ေကာင္းမြန္တဲ့ နာမည္တလံုး လူ႔ေလာက အလယ္မွာ ထာ၀ရစိုက္ထူႏုိင္ဖို႔ ေကာင္းမြန္စြာ အသက္ေမြး၀မ္းေက်ာင္းၾကပါလို႔ အသိေပးပါရေစ။

ေက်ာ္ႀကီး (MDY)

News Watch

Unicode

အဂတိလိုက်စားသူများအတွက် သတိပေးခေါင်းလောင်းထိုးသံ

နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်လက်အောက်ကျရောက်ခဲ့ရတဲ့ ကျွန်တော်တို့တိုင်းပြည်ဟာ ကဏ္ဍ ပေါင်းစုံအဘက်ဘက်က နိမ့်ကျယိုယွင်းပျက်စီးခဲ့ရတယ်။ ထိုသို့ ပျက်စီးမှုထဲမှာမှအဆိုးဆုံးက ကျွန်တော် တို့ပြည်သူအများစုရဲ့ စိတ်ဓာတ်တွေ ယိုယွင်းပျက်စီးကုန်တာပဲဖြစ်ပါတယ်။ ပြည်သူဆိုတဲ့နေရာမှာ အစိုးရ ၀န်ထမ်းတွေလည်း ပါ၀င်ပါတယ်။ ကျန်တဲ့အရာဝတ္ထုပျက်စီးမှုတွေက ပြန်ပြင်လို့၊ ပြန်ရှာလို့လွယ်ပေမဲ့ စိတ်ဓာတ်တွေပျက်စီးမှုက ပြင်ရတာ အခက်အခဲဆုံးပါပဲ။

ကမ္ဘာပေါ်မှာ ကျွန်တော်တို့ နိုင်ငံဟာ အကျင့်ပျက်လာဘ်စားမှု ထိပ်ဆုံးနိုင်ငံတွေထဲမှာ ယနေ့အထိ နှစ်ပေါင်းများစွာရပ်တည်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁ရ ထုတ်ပြန်ချက်မှာ နိုင်ငံပေါင်း ၁၈၀ နိုင်ငံမှာ အဆင့် ၁၃၀ ရပ်တည်လျက်ရှိပါတယ်။ ခုထိ အနီရောင်အဆင့်ထဲမှာပဲ ရှိပါသေးတယ်။ ဒါတောင် လျော့ကျသွားတာ ဖြစ်ပါတယ်။ စဉ်းစားကြည့်ရင် ကမ္ဘာ့နိုင်ငံတွေအလယ်မှာ အတော်ရှက်စရာကောင်းလှပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှက်ရကောင်းမှန်း မသိကြသေးပါဘူး။ မသိလို့လည်း ဒီနေ့အထိ အဂတိလိုက်စားမှုအဆိုးဆုံး နိုင်ငံတွေထဲမှာ ပါနေဆဲဖြစ်နေတာပေါ့။

နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုဟာ အချိန်ကြာလာတော့ ရှက်စရာလို့တောင်မမြင်ဘဲ အားကျစရာအဖြစ်တောင် ယနေ့ပြည်သူအများစုက မြင်လာတဲ့အထိ အခြေအနေက ဆိုးလာခဲ့တယ်။ အမှားဟာအချိန်ကြာလာတော့ အမှန်လို့ထင်မြင်လာကြတယ်။ ဟုတ်၊ မဟုတ်စဉ်းစားကြည့် ဒီနေ့ လူငယ်တယောက်အလုပ်ဝင်မယ်ဆိုရင် ဘယ်လိုဌာနမှာ ၀င်ချင်ကြလဲဆိုတာအဖြေပါပဲ။ လာဘ်ငွေဘေး ပေါက်အများဆုံးရတဲ့ဌာနကို ၀င်ချင်ကြတာပဲ။ ကျောင်းဆရာလုပ်မလား၊ အကောက်အခွန်ဌာနတို့ လဝကတို့ မှာ လုပ်မလားဆိုရင် ဘယ်မှာလုပ်ချင်တယ်လို့ဖြေမလဲ။ အဲဒီလို လာဘ်ငွေအများအပြားရတဲ့ဌာနကို နေရာရဖို့အတွက် ငွေသိန်းပေါင်းများစွာပေးပြီးတောင် ၀င်ကြရတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီလို အကျင့် ပျက်လာဘ်စားဖို့ကို အရှက်အကြောက်ရှိဖို့ နေနေသာသာ အားကျစရာအဖြစ်တောင် မြင်လာတဲ့လူမှု အဖွဲ့အစည်းတခု ဖြစ်မှန်းမသိဖြစ်လာကြတာဟာ တိုင်းပြည်အနာဂတ်အတွက် ရင်လေးစရာပဲဖြစ်ပါ တယ်။

ဒီနေ့ မိဘကလည်း ငါ့သားသမီးမဟုတ်တာလုပ်ပြီး ငွေရှာနေကြတာကို ဂုဏ်ယူတယ်၊ သူတို့ရှာတာကို စားဝံ့တယ်။ သြော် . . . ငါ့သားသမီးလေး ဒါမျိုးလုပ်တာ မကောင်းဘူးဆိုပြီးမတားတဲ့အပြင် အဲဒီလိုလုပ်ဖို့ အတွက်ကို တွန်းပို့ပေးကြတယ်။ သားသမီးတွေကလည်း ငါ့မိဘက ဘယ်လိုဌာနက ဘယ်လိုရာထူးကြီး ဘယ်လို ၀င်ငွေကောင်းတာဆိုပြီး ဂုဏ်ယူကြတယ်။ ငါ့မိဘက မဟုတ်တာလုပ်နေတာဆိုပြီး ဘယ်သားသမီးမှ ရှက်ရကောင်းမှန်းမသိကြဘူး။ ပတ်ဝန်းကျင်လူမှုအဖွဲ့အစည်းကပါ လေးစားအားကျနေတော့ ဂုဏ်ယူစရာ ဖြစ်နေကြတာပေါ့။ စဉ်းစားကြည့် ကျွန်တော်တို့နိုင်ငံရဲ့ လူမှုအဖွဲ့အစည်းအတွင်း ဘယ်လောက်တောင် စိတ်ဓာတ်တွေ ပျက်ပြားနေကြပြီလဲဆိုတာ။ မဟုတ်တာ၊ မမှန်တာ လုပ်ရမှာကို ရှက်ရ၊ ကြောက်ရကောင်းမှန်း မသိတော့ဘူး။

ယနေ့တိုင်းပြည်အဘက်ဘက်က နိမ့်ကျပျက်စီး နေတဲ့ အဓိကအကြောင်းရင်ထဲမှာ ဒီအဂတိလိုက်စား မှုလည်း ပါ၀င်ပါတယ်။ ဒီနေ့အရပ်သားဒီမိုကရေစီ အစိုးရလက်ထက်မှာတော့ နှစ်ပေါင်းများစွာအမြစ် တွယ်နေတဲ့အကျင့်ဆိုး၊ စရိုက်ဆိုးကြီးကို စတင်တိုက်ဖျက်တော့မယ်လို့ ကြွေးကြော်ထားတယ်။ သမ္မတ သစ်ဦးဝင်းမြင့်လက်ထက်မှာပဲ ပထမဆုံးအကြီးဆုံး ငါးတကောင်ကို ဖမ်းပြလိုက်ပြီ။ ညွှန်ချုပ်အဆင့်ရှိတဲ့ လူကြီးတယောက်ကို အဂတိလိုက်စားမှုနဲ့ တရားစွဲအရေးယူလိုက်ပါပြီ။ ညွှန်ချုပ်ဆိုတဲ့အဆင့်က သူ့အထက် ၀န်ကြီးပဲ ရှိတော့တာပါ။ ဒါမျိုးအရေးယူပြမှုကို ကြိုဆိုရမှာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က မန္တလေးတိုင်း တရားလွှတ်တော်မှာ အဂတိလိုက်စားမှုနဲ့ တရားစွဲခံရတဲ့ညွှန်ချုပ်ကို ရုံးထုတ်စစ်ဆေးခဲ့တယ်။ ရုံးထုတ်လာတဲ့အချိန်မှာ ထိုညွှန်ချုပ်ဆိုတဲ့အရာရှိကို လက်ထိတ်ခတ်ပြီး ရှေ့ကရဲက သံကြိုးဆွဲပြီးခေါ်လာတယ်။ မီဒီယာတွေကလည်း ဓာတ်ပုံတဖျပ်တဖျပ်ရိုက်ကြတယ်။ ထိုမြင်ကွင်းကိုကြည့်ပြီး အတော်စိတ်မကောင်းဖြစ် တရားရမိတယ်။ သြော် . . . တချိန်က ဘုရင်အလား အခြွေအရံတွေနဲ့ နေခဲ့တဲ့ အရာရှိတယောက်က ခုတော့ လက်ထိတ်ကြီးနဲ့ သံကြိုးဆွဲခေါ်ခံရတဲ့အဆင့် ဖြစ်သွားပြီ။ နောက်နေ့ထွက် သတင်းမီဒီယာများမှာလည်း မျက်နှာဖုံးသတင်းအဖြစ်ပါလာကြတယ်။ ယခု လိုပုံစံမျိုးပဲ ပြီးခဲ့တဲ့လ ဧပြီ ၂၆ ရက်နေ့ကလည်း ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဒုဦးစီးမှူးတို့ကို အဂတိလိုက်စားမှုနှစ်မှုအတွက် ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချခဲ့တာတွေ့ရမှာပါ။

နိုင်ငံတကာမှာကြည့်ရင်လည်း တောင်ကိုရီးယားသမ္မတပတ်ဂွမ်ဟီးကို အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ၂၄ နှစ်ချမှတ်လိုက်ပါတယ်။ ထို့အတူ ဖိလစ်ပိုင်မှ သမ္မတအာယိုယို၊ ထိုင်းနိုင်ငံမှ ရင်လတ်တို့ဟာလည်း အဂတိလိုက်စားမှုများနဲ့ တရားစွဲဆိုခံထားကြရပါတယ်။ တောင်ကိုရီးယားသမ္မတပတ်ဂွမ်ဟီးဆိုရင် နေချင်းညချင်း သမ္မတဘဝမှ လက်ထိတ်နဲ့ တရားခံဘဝရောက်သွားပြီး သမ္မတအိမ်တော်ကနေ ဆင်းပေးလိုက်ရတဲ့မြင်ကွင်း၊ သူ့နိုင်ငံသားတွေမှ ချက်ချင်းနုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့မြင်ကွင်း၊ ရုံးထုတ် လာတဲ့မြင်ကွင်းတွေက တရားကျစရာမြင်ကွင်းတွေပါပဲ။

ကဲ စဉ်းစားကြည့်ရအောင် ခုလိုအရာရှိအရာခံကြီးတွေဘဝကနေ ချက်ချင်းတရားခံဘဝရောက်ရှိ သွားရတာ သူတို့အနေနဲ့ ဘယ်လောက်တောင်ရှက်လိုက်မလဲ။ တရားခံရဲ့မိသားစုအနေနဲ့ ကိုယ့်ဖအေ တယောက် ဒါမျိုးလက်ထိတ်ကြီးနဲ့ သံကြိုးဆွဲခေါ်သွား တာကြည့်ပြီး ဘယ်လောက်ရင်ထုမနာ ခံစားလိုက်ကြရမလဲ။

ဆွေမျိုးသားချင်းတွေရော ဘယ်လောက်အရှက်တရားရကြမလဲ။ အဂတိလိုက်စားတုန်းကတော့ ကိုယ့် မိသားစုကောင်းစားရေး ကိုယ်ဆွေမျိုးကောင်းစားရေးအတွက်ပါ။ ခုခံကြရတော့ ဘယ်သူမှ လာကယ်ပေးလို့ မရတော့ဘူး၊ ဘယ်သူမှလည်း ၀င်ခံပေးလို့ မရကြတော့ဘူး။ ခံစရာရှိတော့ ကိုယ်တယောက်တည်း ခါးစည်းခံကြရတော့မှာပါ။ ဒါကလက်ရှိဘဝမှာခံရတာ မစားသင့်တာစား၊ မလုပ်သင့်တာလုပ်ခဲ့ကြတဲ့အတွက် လည်း သေပြီးတဲ့နောက်ပိုင်း သံသရာတလျှောက်ခံကြရဦးမယ်။ သေချာစဉ်းစားကြည့်မယ်ဆိုရင် တကယ် ကြောက်စရာကြီးပါ။

ဒီအဖြစ်အပျက်ကနေ ပြည်သူတွေရော အစိုးရ ၀န်ထမ်းတွေရော သင်ခန်းစာယူကြရပါမယ်။ ကိုယ်တိုင် တွေ့ကြုံခဲ့တဲ့အဖြစ်မှန်တခု ပြောပြပါဦးမယ်။ ပြီးခဲ့တဲ့ နှစ်ထဲက ၀န်ကြီးဌာနတခုရဲ့ ခရိုင်အဆင့်လူကြီးအပါ အဝင် ၀န်ထမ်းများက တင်ဒါကိစ္စနဲ့ပတ်သက်ပြီး မမှန်မကန်လုပ်တယ်။ ဒါကိုခံရတဲ့သူတွေက မကျေနပ်လို့ ကျွန်တော့်ဆီလာအကူအညီတောင်းတယ်။ ဒါနဲ့ ကျွန်တော်ကလည်း သက်သေအထောက်အထားနဲ့ ၀န်ကြီး၊ ဒုဝန်ကြီးဆီတိုင်ကြားခိုင်းလိုက်တယ်။ နေပြည်တော်က စစ်ဆေးရေးအဖွဲ့စေလွှတ်ပြီး စစ်ဆေးခိုင်းတော့ ဒီဝန်ထမ်းတွေရဲ့ မဟုတ်တာလုပ်တာပေါ်ခဲ့တယ်။ အနည်းဆုံးအလုပ်ပြုတ်နဲ့ အများဆုံးထောင်ကျတဲ့အထိ ခံကြရတော့မယ်။ ဒီအချိန်မှာ အဲဒီဝန်ထမ်းတွေက ကျွန်တော့်မိတ်ဆွေများဆီ အတင်းလာရောက်တောင်း ပန်ကြတယ်။ သူတို့မိသားစုတွေကို သနားဖို့၊ တချို့ကလည်း ပင်စင်နီးပြီ ပင်စင်ယူရင်ထုတ်ရမယ့် ပင်စင် ချီးမြှင့်ငွေလေးနဲ့ အိမ်ဆောက်ရမှာမို့လို့ မလုပ်ပါနဲ့ အတင်းတောင်းပန်တယ်။ နောက်ဆုံးတော့ ကျွန်တော့် မိတ်ဆွေများက သနားပြီး ကျေအေးကြောင်း လက်မှတ်ထိုးပေးလိုကရတယ်။

အဲတော့ဗျာ မလုပ်ခင်မှာ ဒီလိုလုပ်ရင် ဒီလိုဖြစ်နိုင်တယ်ဆိုတာ ဘာလို့မစဉ်းစားကြတာလဲ။ သူများတွေလည်း မဟုတ်တာလုပ် နေကြတာပဲကွာ ဘာဖြစ်လို့တုန်းဆိုပြီး ပြောလို့မရပါဘူး။ သူများ ၁၀ ခါအမှားလုပ်လို့ ဘာမှဖြစ် ချင်မှဖြစ်ပေမဲ့ ကိုယ်တခါလုပ်မိတဲ့ အမှားလေးကလည်း ခုလိုဒုက္ခရောက်သွားနိုင်ဆိုတာ သတိထားရပါမယ်။ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ ဖြစ်လာခဲ့ရင်တော့ အဖေလည်း ကယ်လို့မရ၊ အမေလည်း ကယ်လို့မရ၊ သားသမီးလည်း ကယ်လို့မရပါဘူး။ တကယ်ဖြစ်တော့ ကိုတယောက်တည်းခံရတာ။ အသက်ကြီးလို့ ဘုရားတရားလုပ်ရမယ့်အချိန်မှာ ထောင်ထဲမှာ အချိန်ကုန်သွားကြရတော့မယ်။

ဒါမျိုးတွေဖြစ်မလာဖို့အတွက် အစကတည်းက မိဘများအနေနဲ့လည်း ကိုယ့်သားသမီးဟာ တရားဝင်ပေးတဲ့ လစာထက်ပိုရနေတယ်ဆိုရင် မလုပ်ဖို့သတိပေးရမယ်။ ငါ့သား ငါ့သမီး မဟုတ်တာ၊ မမှန်တာလုပ်ပြီး ရှာကျွေးတဲ့ထမင်းတော့ ငါတို့မစားချင်ဘူးဆိုပြီး ပြတ်ပြတ်သားသားပြောရမယ်။ သားသမီးတွေအနေနဲ့လည်း ကိုယ့်မိဘက မဟုတ်တာလုပ်နေတယ်ဆိုရင် အဖေ၊ အမေ မဟုတ်တာလုပ်ပြီးတော့ သားတို့၊ သမီးတို့ကို ရှာမကျွေးပါနဲ့ သမီးတို့ထမင်းကို ဆားနဲ့ပဲစားရစားရ စားပါ့မယ်။ ခုသူများတွေအဖမ်းခံရတာကြည့်ပါ၊ ဘယ်လောက်ရှက်စရာကောင်းသလဲ၊ အဖေ၊ အမေတို့အတွက် လက်ရှိဘဝမှာလည်း မကောင်းသလို သံသရာ မှာလည်း မကောင်းပါဘူးဆိုပြီး ပြတ်ပြတ်သားသား တားမြစ်ရပါမယ်။ ဒါမှကိုယ့်မိဘ ကိုယ့်သားသမီးကို တကယ်ချစ်တယ်လို့ ပြောလို့ရမှာပါ။ ကိုယ့်သားသမီး၊ ကိုယ့်မိဘမဟုတ်တာလုပ်ပြီး ငွေရှာနေတုန်းကတော့ တားမြစ်ရကောင်းမှန်းမသိ ပျော်ပျော်ပါးပါးစားသောက်ကြပြီးတော့ ပြဿနာဖြစ် လက်ထိတ်တန်းလန်းနဲ့ အဖမ်းခံရတော့မှ ရှက်လှပါပြီ မလုပ်ကြပါနဲ့။ နောင်တ မရကြပါနဲ့။

မိဘမဟုတ်တာလုပ်ရင် ကိုယ်တင်မက သားသမီးမြေးမြစ်တွေအတွက် ခံရတယ်ဆိုတာ ဂဠုန်ဦးစော အဖြစ်အပျက်က ကျွန်တော်တို့နိုင်ငံအတွက်အကောင်းဆုံးသင်ခန်းစာကြီးပါပဲ။ ကိုယ့်ရဲ့အာဏာမက်မောမှု ကြောင့် မြန်မာအမျိုးသားခေါင်းဆောင်ကြီးကို သတ်လိုက်တဲ့အကျိုးဆက်က ကိုယ်တိုင်လည်း ကြိုးစင် တက်ခဲ့ရသလို ကိုယ်ရဲ့သားသမီးတွေသာမက သားသမီးတွေက မွေးလာတဲ့မြေးမြစ်တွေအထိ အာဇာနည် နေ့ဆို ကျောင်းမတက်ရဲအောင်အထိ သမိုင်းတလျှောက် အကျိုးဆက်က ကြောက်စရာပါ။

ထို့အတူ တိုင်းပြည်နဲ့ ပြည်သူ့အကျိုးအတွက် ကိုယ်ကျိုးစွန့် အသက်စွန့်ပေးဆပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ အကျိုးတရားဟာ ဘယ်လောက်ကြီးသလဲဆိုတော့ ယနေ့အထိ အာဇာနည်နေ့တိုင်း တတိုင်းပြည်လုံးက အလေးပြုနေရဆဲဖြစ်တယ်။ မြန်မာနိုင်ငံတည်ရှိသရွေ့ သူတို့ဟာ ရှင်သန်နေမှာပဲဖြစ်ပါတယ်။ သူတို့ရဲ့ သားသမီးမြေးမြစ်တွေဟာလည်း ကိုယ့်ဖခင် ကိုယ့်အဖိုးရဲ့ကောင်းမွန် မှန်ကန်တဲ့လုပ်ရပ်တွေရဲ့ အသီးအပွင့်တွေကို ဘယ်လောက်ခံစားနေကြရလဲဆိုတာ မြင်တွေ့ကြမှာပါ။ တနိုင်ငံလုံးကချစ်ခင်လေးစားကြပြီး အများအလယ်မှာ ကိုယ့်မိဘလုပ်ရပ်ကြောင့် ခေါင်းမော့ရင်ကော့နိုင်ခဲ့ ကြတယ်။

အဲဒီတော့ ကိုယ့်ရဲ့သားသမီးမျိုးဆက်အတွက် ကျွန်တော်တို့ ဘာတွေချန်ခဲ့ကြမှာလဲ။ ငါ့မိဘက ဘယ်လိုကွဆိုပြီး လူပုံအလယ်မှာ လက်မထောင်နိုင်စေချင်လား။ ကိုယ့်မိဘ အဘိုးအဘွားလုပ်ရပ်ကြောင့် လူ့လောကအလယ်မှာ ခေါင်းမဖော်ရဲအောင် ဖြစ်စေချင်သလား ဆုံးဖြတ်ကြပါ။ တကယ်ဖြစ်လာရင် တရားဥပဒေကရော၊ ကံတရားကရော၊ လူမှုအသိုင်းအဝိုင်းကပါ ခွင့်မလွှတ်ဘူး၊ မသနားကြဘူးဆိုတာ ရှေ့မှာဖြစ်တဲ့အမှုတွေက သက်သေပါပဲ။ ရာထူးအာဏာရှိချိန်မှာတော့ ပြည်သူကိုလည်း မငဲ့ကွက်၊ တိုင်းပြည်အပေါ်မှာလည်း မကြည့်၊ ငါ့အတွက်၊ ငါ့မိသားစုအတွက်၊ ငါ့ဆွေမျိုး အသိုင်းအဝိုင်းအတွက် အကျိုးတခုတည်းကြည့် ထင်ရာ စိုင်းလုပ်ချင်ရာလုပ်နေကြသူတွေ အထူးသတိထားကြပါ။

ရာထူး အာဏာ စည်းစိမ်ဆိုတာ တဒင်္ဂပါ။ ဒီရာထူး အာဏာစည်းစိမ်က လူတွေရဲ့စိတ်ကိုပြောင်းလဲ ပျက်စီးစေနိုင်ပါတယ်။ ခဏတာရရှိတဲ့ အာဏာစည်းစိမ်ပေါ်မှာ ယစ်မူးသာယာမမိစေဖို့ သတိကပ်ကြပါ။ ကိုယ်အာဏာရှိနေတဲ့အချိန်၊ ချမ်းသာနေတဲ့အချိန်မှာတော့ ကိုယ့်ဘေးမှာမြှောက်ပင့် ဖားယားနေတဲ့သူတွေ ပေါမှာပဲ။ ဒါတွေကို ကိုယ်ကသာယာပြီး လမ်းလွဲလိုက်သွားလို့ကတော့ ခံစရာရှိတဲ့အချိန်မှာတော့ ကိုယ် တယောက်တည်း ခံရမှာပါပဲ။ မဟုတ်တာလုပ်တဲ့သူတွေရဲ့ အဆုံးသတ်က ဘယ်တော့မှ မကောင်းကြဘူး ဆိုတာ သိထားကြပါ။

လက်ရှိသမ္မတအသစ်ကလည်း အဂတိလိုက်စားမှုကို သေချာတိုက်ဖျက်မယ်လို့ ကြွေးကြော်ထားတယ်။ အဲဒီတော့ ကိုယ်မပါရအောင် မှန်ကန်စွာလုပ်ဆောင်ကြပါတော့။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေပါနဲ့။ ဒီနေရာမှာ အစိုးရသစ်အနေနဲ့လည်း အဂတိလိုက်စားမှု တကယ်အမြစ်ပြတ်အောင် လုပ်ချင်တယ်ဆိုရင်တော့ ကျောသားရင်သားမခွဲခြား အကြီးအငယ်မရွေး အရေးယူဆောင်ရွက်ကြဖို့လိုပါတယ်။ ကောက်ရိုးမီးသဖွယ် လုပ်နေလို့ကတော့ ဒီရောဂါဆိုးကြီးက ဘယ်တော့မှ ပပျောက်မည်မထင်ပါ။

နိဂုံးချုပ်ပြောချင်တာက ကျွန်တော်တို့ဟာ လူ့ဘဝကိုဝင်လာတုန်းကလည်း ကုသိုလ်၊ အကုသိုလ်ကလွဲပြီး ဘာမှမပါလာခဲ့ဘူး။ သေသွားတော့လည်း ကုသိုလ် အကုသိုလ်ကလွဲပြီး အပ်တိုတချောင်းတောင် သယ်သွားလို့မရပါဘူး။ အဲဒီတော့ သံသရာမှာပါမယ့် အကုသိုလ်အတွက် သံသရာမပါမယ့် ငွေကြေးစည်းစိမ်နဲ့ ဘာလို့လဲကြမှာလဲ။ သူများအမှားကနေ သင်ခန်းစာယူကြပါ။ လွန်မှနောင်တရနေလို့ကတော့ အပိုပါပဲ။ ကျားသေရင် သားရေချန်ရတယ်။ လူသေရင် နာမည်ကျန်ရတယ်တဲ့။ ကောင်းမွန်တဲ့ နာမည်တလုံး လူ့လောက အလယ်မှာ ထာဝရစိုက်ထူနိုင်ဖို့ ကောင်းမွန်စွာ အသက်မွေးဝမ်းကျောင်းကြပါလို့ အသိပေးပါရစေ။

ကျော်ကြီး (MDY)

News Watch