ဘဏ္အပ္ထားသည့္ ေရႊတိဂံုေစတီေတာ္အလႉေငြ က်ပ္သိန္းေပါင္း ၇ သိန္းခန္႔ရွိ

ဘဏ္အပ္ထားသည့္ ေရႊတိဂံုေစတီေတာ္အလႉေငြ က်ပ္သိန္းေပါင္း ၇ သိန္းခန္႔ရွိ

ေရႊတိဂံုေစတီေတာ္ရဲ႕ အရပ္ရပ္အလႉခံရေငြေပါင္းဟာ ဘဏ္မွာ အပ္ထားတာ က်ပ္သိန္းေပါင္း ၇ သိန္းေလာက္ရွိၿပီး ဒီႏွစ္မွာ အတိုးအျဖစ္ က်ပ္သိန္းေပါင္း ၄ ေသာင္း ေက်ာ္ရခဲ့တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး လူမႈေရးဝန္ႀကီးက ေျပာပါတယ္။

ဒီေန႔ က်င္းပတဲ့ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္မွာ ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ေမးတာကို ဝန္ႀကီး ဦးႏိုင္ငံလင္းက ေျဖၾကားခဲ့တာပါ။

ေရႊတိဂံု အပါအဝင္ ရန္ကုန္ရွိ တန္ခိုးႀကီးဘုရားေတြရဲ႕ ေဂါပကအဖဲြ႔ဝင္ေတြအေနနဲ႔ အလႉေငြေတြကို ဘ႑ာေရးစည္းမ်ဥ္းနဲ႔ အညီ ထိန္းသိမ္းသံုးစြဲႏုိင္ဖို႔ အတြက္ အရည္အခ်င္းျပည့္ဝတဲ့ ပုဂၢိဳလ္ေတြရဖို႔ ဘယ္လို စီမံထားလဲဆိုတာနဲ႔ ေရႊတိဂံုေစတီေတာ္ျမတ္ႀကီးရဲ႕ ေဂါပကအဖြဲ႔က ျမန္မာ့စီးပြားေရးဘဏ္ အသီးသီးမွာ ေနာက္ဆံုး အပ္နံွထားတဲ့ အလႉေငြစုစုေပါင္းတန္ဖိုး၊ ဘဏ္တိုးေငြတန္ဖိုးေတြကို ဘဏ္အမည္နဲ႔တကြ ပြင့္လင္းျမင္သာစြာ သိရိွလိုတယ္လို႔ ေမးခဲ့ပါတယ္။

ၿပီးေတာ့ ၂ဝ၁၆- ၁၇ ဘ႑ာေရးႏွစ္မွာ ေရႊတိဂံု၊ ဆူးေလ၊ ကမာၻေအး၊ ဗိုလ္တေထာင္၊ စြယ္ေတာ္ျမတ္ေစတီေတြမွာ အလႉေငြ ဘယ္ေလာက္ရထားလဲဆိုတာကိုလည္း ေမးျမန္းခဲ့ ပါတယ္။

လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက “ေရႊတိဂံု အပါအဝင္ ဘုရားေစတီေတြရဲ႕ ေဂါပကအဖြဲ႔ဝင္လူႀကီးေတြအေနနဲ႔ ဘုရားဖူးျပည္သူေတြ အဆင္ေျပေရးနဲ႔ ရရွိတဲ့ အလႉေငြေတြကို ဘ႑ာေရးစည္းမ်ဥ္းနဲ႔အညီ ထိန္းသိမ္းႏိုင္ဖို႔ အရည္အခ်င္းျပည့္ဝတဲ့ လူပုဂၢိဳလ္ေတြ ရရွိေစေရးအတြက္ အက်င့္စာရိတၱေကာင္းမြန္တာ၊ ယံုၾကည္စိတ္ခ်စြာ သာသနာျပဳ ေဝယ်ာဝစၥ လုပ္ငန္းေတြ ထမ္းေဆာင္ႏိုင္တာကို မူတည္ၿပီး သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာနနဲ႔ တိုင္းအစိုးရအဖြဲ႔တို႔က ညႇိႏိႈင္းစိစစ္ၿပီး ေဂါပက အဖြဲ႔ေရြးခ်ယ္ေရးေကာ္မတီ ဖြဲ႔စည္းတာ၊ ေဂါပက စည္းမ်ဥ္းပါအတိုင္း ေဂါပကလူႀကီးေတြကို ေရြးခ်ယ္ၿပီး ေစတီေတာ္ၾသဝါဒစရိယ ဆရာေတာ္ႀကီးေတြဆီမွာ ၾသဝါဒခံယူၿပီး သက္ဆိုင္ရာ ၿမိဳ႕နယ္၊ တိုင္း သံဃနာယကအဖြဲ႔ရဲ႕ အတည္ျပဳခ်က္နဲ႔ ေရြးခ်ယ္ ဖြဲ႔စည္းထားတယ္”လို႔ ေျပာပါတယ္။

ေရႊတိဂံု ေစတီေတာ္ျမတ္ႀကီးရဲ႕ ျမန္မာ့စီးပြားေရးဘဏ္အသီးသီးမွာ အပ္ႏွံထားတဲ့ အလႉေငြစုစုေပါင္းဟာ က်ပ္သိန္းေပါင္း ၆၉၉,၅၈၃ ရွိၿပီး ႏိုင္ငံျခားေငြကေတာ့ အေမရိကန္ေဒၚလာ ၁၅၂ သိန္းေက်ာ္ျဖစ္တယ္လို႔ ေျပာပါတယ္။

“ေငြစုစာအုပ္ေတြက အတိုးရရွိမႈ အေျခအေနကေတာ့ ၂၀၁၆ ခုႏွစ္မွာ သိန္းေပါင္း ၃၃၃၃၄ သိန္းျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္အတြက္ေတာ့ သိန္းေပါင္း ၄၀၇၆၄ သိန္း ျဖစ္ပါတယ္” လို႔ ေျပာပါတယ္။

ဆူးေလေစတီေတာ္ရဲ႕ ဘဏ္အပ္ေငြစုစုေပါင္းက က်ပ္သိန္းေပါင္း ၁၆၀၀၀ ေလာက္ရွိေၾကာင္း၊ ကမာၻေအးေစတီေတာ္ရဲ႕ ဘဏ္အပ္ေငြ စုစုေပါင္းက ၈၉၀၈ သိန္းေက်ာ္၊ ဗိုလ္တေထာင္ေစတီေတာ္မွာ ၂၄၄၀၂ သိန္းေက်ာ္နဲ႔ အေမရိကန္ေဒၚလာ ၁၅ သိန္းေက်ာ္၊ စြယ္ေတာ္ျမတ္ေစတီမွာ ဘဏ္အပ္ေငြစုစုေပါင္း က်ပ္သိန္း ၁၅,၈၁၉ ေက်ာ္ ရွိတယ္လို႔လည္း ေျပာပါတယ္။

ေဂါပကအဖြဲ႔ေတြအေနနဲ႔ ရတဲ့ အလႉေငြေတြကို သက္ဆိုင္ရာေစတီေတာ္ေဂါပကအဖြဲ႔ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ၾသဝါဒါစရိယ ဆရာေတာ္ႀကီးေတြရဲ႕ ၾသဝါဒခံယူ သံုးစြဲေနၿပီး ရရွိ သံုးစြဲတဲ့ အေျခအေနကို ခ႐ိုင္၊ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ံုးေတြနဲ႔ တိုင္း သာသနာေရးဦးစီး႐ံုးေတြကို လစဥ္ အစီရင္ခံေနတယ္လို႔လည္း ဝန္ႀကီးက ရွင္းျပခဲ့ပါတယ္။

==============

DVB TV News

Unicode

ဘဏ်အပ်ထားသည့် ရွှေတိဂုံစေတီတော်အလှူငွေ ကျပ်သိန်းပေါင်း ရ သိန်းခန့်ရှိ

ရွှေတိဂုံစေတီတော်ရဲ့ အရပ်ရပ်အလှူခံရငွေပေါင်းဟာ ဘဏ်မှာ အပ်ထားတာ ကျပ်သိန်းပေါင်း ရ သိန်းလောက်ရှိပြီး ဒီနှစ်မှာ အတိုးအဖြစ် ကျပ်သိန်းပေါင်း ၄ သောင်း ကျော်ရခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးက ပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ကိုယ်စားလှယ် ဦးကျော်ဇေယျက မေးတာကို ဝန်ကြီး ဦးနိုင်ငံလင်းက ဖြေကြားခဲ့တာပါ။

ရွှေတိဂုံ အပါအဝင် ရန်ကုန်ရှိ တန်ခိုးကြီးဘုရားတွေရဲ့ ဂေါပကအဖွဲ့ဝင်တွေအနေနဲ့ အလှူငွေတွေကို ဘဏ္ဍာရေးစည်းမျဉ်းနဲ့ အညီ ထိန်းသိမ်းသုံးစွဲနိုင်ဖို့ အတွက် အရည်အချင်းပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေရဖို့ ဘယ်လို စီမံထားလဲဆိုတာနဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ဂေါပကအဖွဲ့က မြန်မာ့စီးပွားရေးဘဏ် အသီးသီးမှာ နောက်ဆုံး အပ်နှံထားတဲ့ အလှူငွေစုစုပေါင်းတန်ဖိုး၊ ဘဏ်တိုးငွေတန်ဖိုးတွေကို ဘဏ်အမည်နဲ့တကွ ပွင့်လင်းမြင်သာစွာ သိရှိလိုတယ်လို့ မေးခဲ့ပါတယ်။

ပြီးတော့ ၂ဝ၁၆- ၁ရ ဘဏ္ဍာရေးနှစ်မှာ ရွှေတိဂုံ၊ ဆူးလေ၊ ကမ္ဘာအေး၊ ဗိုလ်တထောင်၊ စွယ်တော်မြတ်စေတီတွေမှာ အလှူငွေ ဘယ်လောက်ရထားလဲဆိုတာကိုလည်း မေးမြန်းခဲ့ ပါတယ်။

လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “ရွှေတိဂုံ အပါအဝင် ဘုရားစေတီတွေရဲ့ ဂေါပကအဖွဲ့ဝင်လူကြီးတွေအနေနဲ့ ဘုရားဖူးပြည်သူတွေ အဆင်ပြေရေးနဲ့ ရရှိတဲ့ အလှူငွေတွေကို ဘဏ္ဍာရေးစည်းမျဉ်းနဲ့အညီ ထိန်းသိမ်းနိုင်ဖို့ အရည်အချင်းပြည့်ဝတဲ့ လူပုဂ္ဂိုလ်တွေ ရရှိစေရေးအတွက် အကျင့်စာရိတ္တကောင်းမွန်တာ၊ ယုံကြည်စိတ်ချစွာ သာသနာပြု ဝေယျာဝစ္စ လုပ်ငန်းတွေ ထမ်းဆောင်နိုင်တာကို မူတည်ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ တိုင်းအစိုးရအဖွဲ့တို့က ညှိနှိုင်းစိစစ်ပြီး ဂေါပက အဖွဲ့ရွေးချယ်ရေးကော်မတီ ဖွဲ့စည်းတာ၊ ဂေါပက စည်းမျဉ်းပါအတိုင်း ဂေါပကလူကြီးတွေကို ရွေးချယ်ပြီး စေတီတော်သြဝါဒစရိယ ဆရာတော်ကြီးတွေဆီမှာ သြဝါဒခံယူပြီး သက်ဆိုင်ရာ မြို့နယ်၊ တိုင်း သံဃနာယကအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ ရွေးချယ် ဖွဲ့စည်းထားတယ်”လို့ ပြောပါတယ်။

ရွှေတိဂုံ စေတီတော်မြတ်ကြီးရဲ့ မြန်မာ့စီးပွားရေးဘဏ်အသီးသီးမှာ အပ်နှံထားတဲ့ အလှူငွေစုစုပေါင်းဟာ ကျပ်သိန်းပေါင်း ၆၉၉,၅၈၃ ရှိပြီး နိုင်ငံခြားငွေကတော့ အမေရိကန်ဒေါ်လာ ၁၅၂ သိန်းကျော်ဖြစ်တယ်လို့ ပြောပါတယ်။

“ငွေစုစာအုပ်တွေက အတိုးရရှိမှု အခြေအနေကတော့ ၂၀၁၆ ခုနှစ်မှာ သိန်းပေါင်း ၃၃၃၃၄ သိန်းဖြစ်ပါတယ်။ ၂၀၁ရ ခုနှစ်အတွက်တော့ သိန်းပေါင်း ၄၀၇၆၄ သိန်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဆူးလေစေတီတော်ရဲ့ ဘဏ်အပ်ငွေစုစုပေါင်းက ကျပ်သိန်းပေါင်း ၁၆၀၀၀ လောက်ရှိကြောင်း၊ ကမ္ဘာအေးစေတီတော်ရဲ့ ဘဏ်အပ်ငွေ စုစုပေါင်းက ၈၉၀၈ သိန်းကျော်၊ ဗိုလ်တထောင်စေတီတော်မှာ ၂၄၄၀၂ သိန်းကျော်နဲ့ အမေရိကန်ဒေါ်လာ ၁၅ သိန်းကျော်၊ စွယ်တော်မြတ်စေတီမှာ ဘဏ်အပ်ငွေစုစုပေါင်း ကျပ်သိန်း ၁၅,၈၁၉ ကျော် ရှိတယ်လို့လည်း ပြောပါတယ်။

ဂေါပကအဖွဲ့တွေအနေနဲ့ ရတဲ့ အလှူငွေတွေကို သက်ဆိုင်ရာစေတီတော်ဂေါပကအဖွဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သြဝါဒါစရိယ ဆရာတော်ကြီးတွေရဲ့ သြဝါဒခံယူ သုံးစွဲနေပြီး ရရှိ သုံးစွဲတဲ့ အခြေအနေကို ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေနဲ့ တိုင်း သာသနာရေးဦးစီးရုံးတွေကို လစဉ် အစီရင်ခံနေတယ်လို့လည်း ဝန်ကြီးက ရှင်းပြခဲ့ပါတယ်။

==============

DVB TV News