အိမ္​​ေထာင္​႐ွင္​မိန္​းမသားတို႔ သိမ္​းထားဖို႔

အိမ္​​ေထာင္​႐ွင္​မိန္​းမသားတို႔ သိမ္​းထားဖို႔

~~~~~~~~~~~~~~~~~~~
မိန္းမေတြ
အိမ္ေထာင္က် ၿပီးလို႔
ပိုလွလာရင္ …ေယာက်ာ္းက
စိတ္ခ်မ္းသာေအာင္
ထားတာခံရလို႔ ဆိုတဲ့
စာတစ္ေၾကာင္း….
သူမ်ား ေရးထားတာ
ဖတ္လိုက္ရရင္း ျပံဳးမိတယ္…..

တကယ္ကို
ျပံဳးမိတာပါ

တကယ္ေတာ႕ မိန္းမေတြဟာ
ကိုယ့္ဘာသာ ဘယ္လို
အေျခအေနမ်ိဳးမွာျဖစ္ျဖစ္
ႀကိဳးစားၿပီး….
စိတ္ခ်မ္းသာေအာင္ ေနထိုင္ၿပီး…
ကိုယ့္ဘဝကိုယ္ တန္ဖိုးထားၿပီး…
ကိုယ့္ဘာသာကိုယ္ လွပေအာင္
ေနထိုင္ၾကလို႔ လွေနၾကတာပါ…..

စိတ္ခ်မ္းသာေအာင္ ထားတတ္တဲ့
ေယာက်ာ္းကို ရသည္ ျဖစ္ေစ၊
မရသည္ ျဖစ္ေစ…

မိန္းမေတြဟာ ကိုယ္ေရြးခ်ယ္ခဲ့တဲ့
အရာအတြက္ေတာ့
ျပင္ဆင္ႏိုင္ခြင့္
နည္းပါးၾကပါတယ္…

ကိုယ္ ျပင္ဆင္ႏိုင္တာက
ကိုယ့္စိတ္တစ္ခု ပါပဲ….

ကိုယ္ေရြးခ်ယ္ခဲ့လို႔
ၾကံဳလာရတဲ့ဘယ္လိုခက္ခဲ
နာက်င္ရတဲ့
အေျခအေနမ်ဳိးမွာ ျဖစ္ျဖစ္
ကိုယ့္စိတ္ကိုယ္
အားတင္း ရင္ဆိုင္ပါ…

ကိုယ့္ကိုယ္ကိုယ္
လွေအာင္ ေနပါ…
ေတာ္ေအာင္ ႀကိဳးစားပါ..
တတ္ေအာင္ သင္ယူပါ…

အရည္ခ်င္းရွိသူ ျဖစ္လာေအာင္
ေျပာင္းလဲပါ…

ကံေကာင္းတဲ့သူ လူနည္းစု
အခ်ိဳ႕ကို အားက်ၿပီး
ကိုယ့္ဘဝကိုယ္ သိမ္ငယ္ကာ
ထိုင္ေၾကကြဲ မေနပါနဲ႔…

ကိုယ္ထိုင္ေနရင္ ကိုယ္ပဲ
ေနာက္မွာ က်န္ခဲ့ပါလိမ့္မယ္…
အားရေအာင္ ငိုပါ … ျပီးရင္
မ်က္ရည္ သုတ္ၿပီး
ေရာက္တဲ့ေနရာက
ထေျပးလိုက္ပါေတာ့…

ဘဝခရီးလမ္း အရွည္ႀကီးမွာ
ဘယ္အခ်ိန္ ဘယ္ပန္းတိုင္ကို
ေရာက္မယ္မွန္း မသိႏိုင္ေပမယ့္

ေျပးလမ္းေပၚမွာ
ပံုမွန္ ေျပးေနဖို႔ေတာ့
လိုမယ္ မဟုတ္လား။

#Credit//Original Uploader

Unicode

 

အိမ်​​ထောင်​ရှင်​မိန်​းမသားတို့ သိမ်​းထားဖို့

~~~~~~~~~~~~~~~~~~~
မိန်းမတွေ
အိမ်ထောင်ကျ ပြီးလို့
ပိုလှလာရင် …ယောကျာ်းက
စိတ်ချမ်းသာအောင်
ထားတာခံရလို့ ဆိုတဲ့
စာတစ်ကြောင်း….
သူများ ရေးထားတာ
ဖတ်လိုက်ရရင်း ပြုံးမိတယ်…..

တကယ်ကို
ပြုံးမိတာပါ

တကယ်တော့ မိန်းမတွေဟာ
ကိုယ့်ဘာသာ ဘယ်လို
အခြေအနေမျိုးမှာဖြစ်ဖြစ်
ကြိုးစားပြီး….
စိတ်ချမ်းသာအောင် နေထိုင်ပြီး…
ကိုယ့်ဘဝကိုယ် တန်ဖိုးထားပြီး…
ကိုယ့်ဘာသာကိုယ် လှပအောင်
နေထိုင်ကြလို့ လှနေကြတာပါ…..

စိတ်ချမ်းသာအောင် ထားတတ်တဲ့
ယောကျာ်းကို ရသည် ဖြစ်စေ၊
မရသည် ဖြစ်စေ…

မိန်းမတွေဟာ ကိုယ်ရွေးချယ်ခဲ့တဲ့
အရာအတွက်တော့
ပြင်ဆင်နိုင်ခွင့်
နည်းပါးကြပါတယ်…

ကိုယ် ပြင်ဆင်နိုင်တာက
ကိုယ့်စိတ်တစ်ခု ပါပဲ….

ကိုယ်ရွေးချယ်ခဲ့လို့
ကြုံလာရတဲ့ဘယ်လိုခက်ခဲ
နာကျင်ရတဲ့
အခြေအနေမျိုးမှာ ဖြစ်ဖြစ်
ကိုယ့်စိတ်ကိုယ်
အားတင်း ရင်ဆိုင်ပါ…

ကိုယ့်ကိုယ်ကိုယ်
လှအောင် နေပါ…
တော်အောင် ကြိုးစားပါ..
တတ်အောင် သင်ယူပါ…

အရည်ချင်းရှိသူ ဖြစ်လာအောင်
ပြောင်းလဲပါ…

ကံကောင်းတဲ့သူ လူနည်းစု
အချို့ကို အားကျပြီး
ကိုယ့်ဘဝကိုယ် သိမ်ငယ်ကာ
ထိုင်ကြေကွဲ မနေပါနဲ့…

ကိုယ်ထိုင်နေရင် ကိုယ်ပဲ
နောက်မှာ ကျန်ခဲ့ပါလိမ့်မယ်…
အားရအောင် ငိုပါ … ပြီးရင်
မျက်ရည် သုတ်ပြီး
ရောက်တဲ့နေရာက
ထပြေးလိုက်ပါတော့…

ဘဝခရီးလမ်း အရှည်ကြီးမှာ
ဘယ်အချိန် ဘယ်ပန်းတိုင်ကို
ရောက်မယ်မှန်း မသိနိုင်ပေမယ့်

ပြေးလမ်းပေါ်မှာ
ပုံမှန် ပြေးနေဖို့တော့
လိုမယ် မဟုတ်လား။

#Credit//Original Uploader

Leave a Reply