သိပ္လွလြန္းလုိ႔ အားကစားမယ္အျဖစ္မွ ေအာင္ျမင္တဲ့ေမာ္ဒယ္ဘဝကို ပိုင္ဆုိင္ခဲ့သူေလး

သိပ္လွလြန္းလုိ႔ အားကစားမယ္အျဖစ္မွ ေအာင္ျမင္တဲ့ေမာ္ဒယ္ဘဝကို ပိုင္ဆုိင္ခဲ့သူေလး

ေယာက်ာ္းတုိ႔ ဥစၥာသည္ အရည္အခ်င္းျဖစ္၍ မိန္းမတုိ႔ရဲ႕ ဥစၥာသည္ အဆင္းအဂၤါ လွပျခင္းတည္း-ဟု ေလာကနီတိစကားရပ္နဲ႔အညီ ေယာက္်ားတုိ႔မွာ မိန္းမတုိ႔အားကုိးအားထား ျပဳရေလာက္တဲ့ အရည္အခ်င္းကုိ ပုိင္ဆုိင္ထားဖုိ႔လုိသလုိ၊ ဘဝအတြက္ ႐ုန္းကန္ရတဲ့အခါ အေျခအေနအခ်ိန္အခါအလုိက္ သင့္တင့္ေအာင္ေစာင္ရြက္ႏုိင္တဲ့ ပညာအရည္အခ်င္းကလည္း ျပည့္ဝေနဖုိ႔ လုိပါတယ္။

အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ဆုိရင္ေတာ့ အဆင္းလည္းလွ အခ်င္းလည္းျပည့္စုံေနရင္ ဘာမွ ဆုိဖြယ္ရာမရွိေတာ့ေပ။ အမ်ိဳးသမီးတုိ႔ အဆင္း႐ူပ လွပျခင္းဟာ သူတုိ႕ရဲ႕ ေအာင္ျမင္မႈကို ျဖစ္ေစႏုိင္သလုိ၊ အသိဉာဏ္ေပၚမူတည္လုိ႔လည္း လင္ေကာင္းသားေကာင္း ရႏုိင္ပါေပတယ္။

အခုလည္း ႐ုရွႏုိင္ငံ၊ Vladivostock ၿမိဳ႕မွာ ယခင္က ၿမိဳ႕ခံေဘာလီေဘာအသင္းမွာ ေနရာတစ္ေနရာ ခုိင္ခိုင္မာမာရရွိခဲ့တဲ့ ေကာင္မေလးတစ္ေယာက္ဟာ သူမရဲ႕ လွပတဲ့႐ုပ္အဆင္းေၾကာင့္ ေနာက္ထပ္လမ္းေၾကာင္းတစ္ခုကို ေရြးခ်ယ္မႈျပဳလုပ္ခဲ့ပါတယ္။ ဒါကေတာ့ အားကစားမယ္ဘဝကို စြန္႔လႊတ္ၿပီး ေမာ္ဒယ္ဘဝအျဖစ္ ရပ္တည္လုိက္ျခင္းပါဘဲ။

သူမရဲ႕နာမည္ကေတာ့ Alisa Manyonok ျဖစ္ၿပီး၊ အသက္အားျဖင့္ (၂၁)ႏွစ္သာ ရွိပါေသးတယ္။ ေမာ္ဒယ္ဘဝကို ေရာက္ေရာက္ခ်င္းမွာပဲ ေအာင္ျမင္မႈေတြဆက္တုိက္ရခဲ့ပါတယ္။ အလွမယ္ဆုတံဆိပ္ေတြ၊ ေၾကျငာေတြ ဆက္တုိက္ရရွိခဲ့ၿပီး ခ်က္ခ်င္းပဲ စူပါေမာ္ဒယ္တစ္ေယာက္လုိ လူသိမ်ားခဲ့ပါတယ္။

အခုဆုိရင္ Alisa ဟာ အမ်ိဳးသမီးအတြင္းခံတံဆိပ္ေတြ၊ ေရကူးဝတ္စုံေတြ၊ ဖတ္ရွင္ဒီဇုိင္းေၾကာ္ျငာေတြမွာ အားရက္မယူဘဲ လက္ခံ႐ုိက္ကူးေပးေနရပါတယ္။ သူမဟာ အလွမယ္ၿပိဳင္ပြဲေတြမွာ The most photogenic model ဆု၊ အလွမယ္ဒုတိယဆုအထိ ဆြတ္ခူးထားႏုိင္ခဲ့ပါတယ္။

Alisa ဟာ ၿပီးခဲ့တဲ့ႏွစ္ ႐ုရွႏုိင္ငံမွာျပဳလုပ္ခဲ့တဲ့ အလွမယ္ၿပိဳင္ပြဲမွာေတာ့ဆုႀကီးသုံးခုကို ရယူႏုိင္ခဲ့ပါတယ္။ သူမ ရယူခဲ့တဲ့ဆုေတြကေတာ့ Miss Beautiful Body, Top Model of Russia နဲ႔ Miss Talent ဆုေတြျဖစ္ပါတယ္။

ထုိင္းႏုိင္ငံ ဘန္ေကာက္မွာျပဳလုပ္တဲ့ Supermodel International မွာလည္း ဆုတံဆိပ္ႏွစ္ခုရခဲ့ၿပီး၊ မၾကာမီမွာ ဒီထက္မကတဲ့ ေအာင္ျမင္မႈေတြဆီကုိ ေလွ်ာက္လွမ္းႏုိင္လိမ့္မယ္လုိ႔ သူမက ယုံၾကည္ေနပါတယ္။

Credit shwemon

Unicode

လှတာကတော့ အတော်လေးကို လှပါတယ် … ဒါကြောင့်လည်း မော်ဒယ်ပြိူင်ပွဲတွေမှာ ဆက်တိုက်ဆုတွေ ရခဲ့တာပါ

သိပ်လှလွန်းလို့ အားကစားမယ်အဖြစ်မှ အောင်မြင်တဲ့မော်ဒယ်ဘဝကို ပိုင်ဆိုင်ခဲ့သူလေး

ယောကျာ်းတို့ ဥစ္စာသည် အရည်အချင်းဖြစ်၍ မိန်းမတို့ရဲ့ ဥစ္စာသည် အဆင်းအင်္ဂါ လှပခြင်းတည်း-ဟု လောကနီတိစကားရပ်နဲ့အညီ ယောက်ျားတို့မှာ မိန်းမတို့အားကိုးအားထား ပြုရလောက်တဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားဖို့လိုသလို၊ ဘဝအတွက် ရုန်းကန်ရတဲ့အခါ အခြေအနေအချိန်အခါအလိုက် သင့်တင့်အောင်စောင်ရွက်နိုင်တဲ့ ပညာအရည်အချင်းကလည်း ပြည့်ဝနေဖို့ လိုပါတယ်။

အမျိုးသမီးတစ်ယောက်အနေနဲ့ဆိုရင်တော့ အဆင်းလည်းလှ အချင်းလည်းပြည့်စုံနေရင် ဘာမှ ဆိုဖွယ်ရာမရှိတော့ပေ။ အမျိုးသမီးတို့ အဆင်းရူပ လှပခြင်းဟာ သူတို့ရဲ့ အောင်မြင်မှုကို ဖြစ်စေနိုင်သလို၊ အသိဉာဏ်ပေါ်မူတည်လို့လည်း လင်ကောင်းသားကောင်း ရနိုင်ပါပေတယ်။

အခုလည်း ရုရှနိုင်ငံ၊ Vladivostock မြို့မှာ ယခင်က မြို့ခံဘောလီဘောအသင်းမှာ နေရာတစ်နေရာ ခိုင်ခိုင်မာမာရရှိခဲ့တဲ့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ လှပတဲ့ရုပ်အဆင်းကြောင့် နောက်ထပ်လမ်းကြောင်းတစ်ခုကို ရွေးချယ်မှုပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ အားကစားမယ်ဘဝကို စွန့်လွှတ်ပြီး မော်ဒယ်ဘဝအဖြစ် ရပ်တည်လိုက်ခြင်းပါဘဲ။

သူမရဲ့နာမည်ကတော့ Alisa Manyonok ဖြစ်ပြီး၊ အသက်အားဖြင့် (၂၁)နှစ်သာ ရှိပါသေးတယ်။ မော်ဒယ်ဘဝကို ရောက်ရောက်ချင်းမှာပဲ အောင်မြင်မှုတွေဆက်တိုက်ရခဲ့ပါတယ်။ အလှမယ်ဆုတံဆိပ်တွေ၊ ကြေငြာတွေ ဆက်တိုက်ရရှိခဲ့ပြီး ချက်ချင်းပဲ စူပါမော်ဒယ်တစ်ယောက်လို လူသိများခဲ့ပါတယ်။

အခုဆိုရင် Alisa ဟာ အမျိုးသမီးအတွင်းခံတံဆိပ်တွေ၊ ရေကူးဝတ်စုံတွေ၊ ဖတ်ရှင်ဒီဇိုင်းကြော်ငြာတွေမှာ အားရက်မယူဘဲ လက်ခံရိုက်ကူးပေးနေရပါတယ်။ သူမဟာ အလှမယ်ပြိုင်ပွဲတွေမှာ The most photogenic model ဆု၊ အလှမယ်ဒုတိယဆုအထိ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

Alisa ဟာ ပြီးခဲ့တဲ့နှစ် ရုရှနိုင်ငံမှာပြုလုပ်ခဲ့တဲ့ အလှမယ်ပြိုင်ပွဲမှာတော့ဆုကြီးသုံးခုကို ရယူနိုင်ခဲ့ပါတယ်။ သူမ ရယူခဲ့တဲ့ဆုတွေကတော့ Miss Beautiful Body, Top Model of Russia နဲ့ Miss Talent ဆုတွေဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မှာပြုလုပ်တဲ့ Supermodel International မှာလည်း ဆုတံဆိပ်နှစ်ခုရခဲ့ပြီး၊ မကြာမီမှာ ဒီထက်မကတဲ့ အောင်မြင်မှုတွေဆီကို လျှောက်လှမ်းနိုင်လိမ့်မယ်လို့ သူမက ယုံကြည်နေပါတယ်။

Credit shwemon

Leave a Reply