မိဘမဲ့ေက်ာင္းမ်ားသို႔ ေပးကမ္းလွဴတန္းမယ္ဆိုလွ်င္ ဒီပို႔စ္ေလးကို ၾကည့္သြားၾကပါလို႔ ရင္နင့္စြာနဲ႔ အႀကံျပဳအပ္ပါသည္

မိဘမဲ့ေက်ာင္းမ်ားသို႔ ေပးကမ္းလွဴတန္းမယ္ဆိုလွ်င္ ဒီပို႔စ္ေလးကို ၾကည့္သြားၾကပါလို႔ ရင္နင့္စြာနဲ႔ အႀကံျပဳအပ္ပါသည္

သူတစ္ပါးကို ေပးဆပ္ေတာ့မယ္ဆိုရင္ . . .

လူအမ်ားစုဟာ မိဘမဲ့ကေလးေက်ာင္းေတြမွာ မၾကာခဏ လွဴတတ္ပါတယ္။ ကြၽန္မလည္း လွဴဖူးပါတယ္။ ကေလးေတြကို ခ်စ္တဲ့ စိတ္ရယ္၊ မိဘမဲ့ေလးေတြမို႔ သနားတဲ့ စိတ္ရယ္နဲ႔ေပါ့ . .

ေနာက္ဆံုး လွဴတဲ့ တစ္ေခါက္ကဆိုရင္ ကြၽန္မ တူေလးႏွစ္ေယာက္ကိုပါ သူတို႔နဲ႔ ရြယ္တူ မိဘမဲ့ကေလးေတြကို ပဲႏို႔နဲ႔ ေပါင္မုန္႔ ေလးေတြ ေပးခိုင္းခဲ့တယ္။

ကြၽန္မ စိတ္ထဲမွာေတာ့ ကြၽန္မတူေလးေတြဟာ ေပးဆပ္ျခင္းရဲ႕ ပီတိ၊ မွ်ေ၀ျခင္းရဲ႕ ၾကည္ႏူးမႈကို ခံစားတတ္သြားရင္ သူတို႔ဘ၀ တစ္ေလွ်ာက္လံုး ကိုယ့္ထက္ ခ်ဳိ႕တဲ့တဲ့သူေတြကို ေဖးမစာနာတတ္သြားမယ္ေပါ့ . .

တူေလးေတြ လွဴတဲ့အခါ ဓာတ္ပံုေတြ ႐ိုက္ေပးမိတယ္၊ ဒါေပမဲ့ ေဖ့စ္ဘြတ္ခ္ေပၚေတာ့ မတင္ခဲ့မိပါဘူး . . ဓာတ္ပံုထဲမွာ ကြၽန္မတူေလးေတြက သူတစ္ပါးကို ေပးရတဲ့အတြက္ ၿပံဳးေပ်ာ္ ၾကည္ႏူးလို႔ေပါ့ . .

အဲဒီဓာတ္ပံုေတြကို သူတို႔တစ္ႏွစ္ထက္ တစ္ႏွစ္ ႀကီးလာတဲ့အခါ ျပန္ျပၿပီး “အဲဒီလို လွဴခ်င္ရင္ မုန္႔ဖိုးေတြ စု . . မလိုအပ္တဲ့ အ႐ုပ္ေတြ ေလွ်ာက္မ၀ယ္နဲ႔” စသျဖင့္ ေျပာျပမိတယ္။

တူေလးေတြ လွဴတဲ့ပံုေတြကို ၾကည့္တိုင္း ကြၽန္မေရာ တူေလးေတြပါ တူေလးေတြဆီပဲ အၾကည့္ ေရာက္ပါတယ္ . . တစ္ဖက္က လက္ခံရယူတဲ့ ကေလးေတြရဲ႕ ပံုေတြကို ၾကည့္မိသလား၊ မၾကည့္မိသလား . . အမွတ္မဲ့ပါပဲ . .

ဒီေန႔ေတာ့ ကြၽန္မ မသန္စြမ္းေပမယ့္ ဘြဲ႕ရတဲ့ အထိ ပညာသင္ယူႏိုင္တဲ့ လူတစ္ေယာက္နဲ႔ ဆံုပါတယ္။ သူက မိဘမဲ့တစ္ေယာက္ပါ။

“အစ္ကို ဒီလို ဘြဲ႕ရတဲ့အထိ ျဖတ္သန္းလာတဲ့ ဘ၀တစ္ေလွ်ာက္မွာ အခက္ခဲဆံုး ျဖတ္ေက်ာ္ခဲ့ရတဲ့ စိတ္ခံစားခ်က္က ဘာျဖစ္မလဲ”လို႔ ကြၽန္မ ေမးၾကည့္မိလိုက္ပါတယ္။

သူက ေျဖပါတယ္။

“သိမ္ငယ္စိတ္ပါ”တဲ့။

“ကြၽန္ေတာ္က မိဘမဲ့ဆိုေတာ့ ဘုန္းႀကီး ေက်ာင္းတစ္ခုမွာ ႀကီးျပင္းခဲ့ရပါတယ္။ အဲဒီေက်ာင္းမွာ အလွဴရွင္ေတြ လာၿပီဆိုရင္ ကြၽန္ေတာ္တို႔ေတြ တန္းစီၿပီး အလွဴရွင္ေတြ ေပးတဲ့ မုန္႔ေတြ၊ အေအးေတြကို ယူရပါတယ္။

အလွဴရွင္ေတြကေတာ့ ေစတနာနဲ႔ ေပးေပမယ့္ ကြၽန္ေတာ္ အင္မတန္ သိမ္ငယ္ပါ တယ္။

ကြၽန္ေတာ္ ဘုန္းႀကီး ႐ိုက္မွာစိုးလို႔ တန္းစီခဲ့ရ တာပါ၊ ကြၽန္ေတာ္ အဲဒီမုန္႔ေတြကို လံုး၀ မယူခ်င္ပါဘူး၊ အဆိုးဆံုးက အလွဴရွင္မိသားစုထဲမွာ ကိုယ္နဲ႔ ရြယ္တူကေလးေတြမ်ား ပါခဲ့ရင္ေလ . .

(သူ႔မ်က္ႏွာက အေတာ္ေဆြးေျမ့သြားတဲ့ ပံုနဲ႔ပါ) ကြၽန္ေတာ္ အဲဒီ့သိမ္ငယ္စိတ္ကို ရင္ဆိုင္ေက်ာ္လႊားခဲ့ရတာ အခက္ခဲဆံုးပဲဗ်ာ”တဲ့ . .

သူ႔စကားဆံုးေတာ့ ကြၽန္မ ေတာ္ေတာ္ မ်က္ႏွာ ပူသြားပါတယ္။

သူက ဆက္ေျပာေသးတယ္။

“အဲဒီတုန္းက ေဖ့စ္ဘြတ္ခ္မေပၚေသးလို႔ ေတာ္ ေသးတာေပါ့ဗ်ာ၊ အခုေခတ္မွာ အဲဒီလွဴတဲ့ပံုေတြကို ေဖ့စ္ဘြတ္ခ္မွာ ေတြ႕တိုင္း မိဘမဲ့ကေလးေတြကိုယ္စား ကြၽန္ေတာ္ စိတ္မေကာင္းဘူးဗ်ာ”

CREDIT BY

ဇြန္ခိုင္ဦး (ေဆး၀ါးတကၠသိုလ္)

Unicode Version

မိဘမဲ့ကျောင်းများသို့ ပေးကမ်းလှူတမ်းမယ့်သူများ ဒီပို့စ်လေးကို ကြည့်သွားကြပါလို့ ရင်နင့်စွာနဲ့ အကြံပြုအပ်ပါသည်

သူတစ်ပါးကို ပေးဆပ်တော့မယ်ဆိုရင် . . .

လူအများစုဟာ မိဘမဲ့ကလေးကျောင်းတွေမှာ မကြာခဏ လှူတတ်ပါတယ်။ ကျွန်မလည်း လှူဖူးပါတယ်။ ကလေးတွေကို ချစ်တဲ့ စိတ်ရယ်၊ မိဘမဲ့လေးတွေမို့ သနားတဲ့ စိတ်ရယ်နဲ့ပေါ့ . .

နောက်ဆုံး လှူတဲ့ တစ်ခေါက်ကဆိုရင် ကျွန်မ တူလေးနှစ်ယောက်ကိုပါ သူတို့နဲ့ ရွယ်တူ မိဘမဲ့ကလေးတွေကို ပဲနို့နဲ့ ပေါင်မုန့် လေးတွေ ပေးခိုင်းခဲ့တယ်။

ကျွန်မ စိတ်ထဲမှာတော့ ကျွန်မတူလေးတွေဟာ ပေးဆပ်ခြင်းရဲ့ ပီတိ၊ မျှဝေခြင်းရဲ့ ကြည်နူးမှုကို ခံစားတတ်သွားရင် သူတို့ဘ၀ တစ်လျှောက်လုံး ကိုယ့်ထက် ချို့တဲ့တဲ့သူတွေကို ဖေးမစာနာတတ်သွားမယ်ပေါ့ . .

တူလေးတွေ လှူတဲ့အခါ ဓာတ်ပုံတွေ ရိုက်ပေးမိတယ်၊ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်ပေါ်တော့ မတင်ခဲ့မိပါဘူး . . ဓာတ်ပုံထဲမှာ ကျွန်မတူလေးတွေက သူတစ်ပါးကို ပေးရတဲ့အတွက် ပြုံးပျော် ကြည်နူးလို့ပေါ့ . .

အဲဒီဓာတ်ပုံတွေကို သူတို့တစ်နှစ်ထက် တစ်နှစ် ကြီးလာတဲ့အခါ ပြန်ပြပြီး “အဲဒီလို လှူချင်ရင် မုန့်ဖိုးတွေ စု . . မလိုအပ်တဲ့ အရုပ်တွေ လျှောက်မဝယ်နဲ့” စသဖြင့် ပြောပြမိတယ်။

တူလေးတွေ လှူတဲ့ပုံတွေကို ကြည့်တိုင်း ကျွန်မရော တူလေးတွေပါ တူလေးတွေဆီပဲ အကြည့် ရောက်ပါတယ် . . တစ်ဖက်က လက်ခံရယူတဲ့ ကလေးတွေရဲ့ ပုံတွေကို ကြည့်မိသလား၊ မကြည့်မိသလား . . အမှတ်မဲ့ပါပဲ . .

ဒီနေ့တော့ ကျွန်မ မသန်စွမ်းပေမယ့် ဘွဲ့ရတဲ့ အထိ ပညာသင်ယူနိုင်တဲ့ လူတစ်ယောက်နဲ့ ဆုံပါတယ်။ သူက မိဘမဲ့တစ်ယောက်ပါ။

“အစ်ကို ဒီလို ဘွဲ့ရတဲ့အထိ ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်မှာ အခက်ခဲဆုံး ဖြတ်ကျော်ခဲ့ရတဲ့ စိတ်ခံစားချက်က ဘာဖြစ်မလဲ”လို့ ကျွန်မ မေးကြည့်မိလိုက်ပါတယ်။

သူက ဖြေပါတယ်။

“သိမ်ငယ်စိတ်ပါ”တဲ့။

“ကျွန်တော်က မိဘမဲ့ဆိုတော့ ဘုန်းကြီး ကျောင်းတစ်ခုမှာ ကြီးပြင်းခဲ့ရပါတယ်။ အဲဒီကျောင်းမှာ အလှူရှင်တွေ လာပြီဆိုရင် ကျွန်တော်တို့တွေ တန်းစီပြီး အလှူရှင်တွေ ပေးတဲ့ မုန့်တွေ၊ အအေးတွေကို ယူရပါတယ်။

အလှူရှင်တွေကတော့ စေတနာနဲ့ ပေးပေမယ့် ကျွန်တော် အင်မတန် သိမ်ငယ်ပါ တယ်။

ကျွန်တော် ဘုန်းကြီး ရိုက်မှာစိုးလို့ တန်းစီခဲ့ရ တာပါ၊ ကျွန်တော် အဲဒီမုန့်တွေကို လုံး၀ မယူချင်ပါဘူး၊ အဆိုးဆုံးက အလှူရှင်မိသားစုထဲမှာ ကိုယ်နဲ့ ရွယ်တူကလေးတွေများ ပါခဲ့ရင်လေ . .

(သူ့မျက်နှာက အတော်ဆွေးမြေ့သွားတဲ့ ပုံနဲ့ပါ) ကျွန်တော် အဲဒီ့သိမ်ငယ်စိတ်ကို ရင်ဆိုင်ကျော်လွှားခဲ့ရတာ အခက်ခဲဆုံးပဲဗျာ”တဲ့ . .

သူ့စကားဆုံးတော့ ကျွန်မ တော်တော် မျက်နှာ ပူသွားပါတယ်။

သူက ဆက်ပြောသေးတယ်။

“အဲဒီတုန်းက ဖေ့စ်ဘွတ်ခ်မပေါ်သေးလို့ တော် သေးတာပေါ့ဗျာ၊ အခုခေတ်မှာ အဲဒီလှူတဲ့ပုံတွေကို ဖေ့စ်ဘွတ်ခ်မှာ တွေ့တိုင်း မိဘမဲ့ကလေးတွေကိုယ်စား ကျွန်တော် စိတ်မကောင်းဘူးဗျာ”

CREDIT BY

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

Leave a Reply